menu-iconlogo
huatong
huatong
avatar

မေ့မရခဲ့သူ

မိဖူးhuatong
myculito_6huatong
เนื้อเพลง
บันทึก
သီချင်း - မေ့မရခဲ့သူ

တေးဆို - မိဖူး

ငါမဟုတ်တဲ့ တစ်ခြားသူတစ်ယောက်ရဲ့

ရင်ထဲ မင်းလေးသိပ်ပျော်တယ်

ဒီသတင်းလေးကြားတော့

ငါ့ရဲ့စိတ်ထဲ ဝမ်းနည်းဝမ်းသာတယ်

အချိန်တွေ ပြောင်းသွားခဲ့လဲချစ်သူ

ငါက မေ့လို့မရနိုင်တယ်

အရင်လိုနင့်ရဲ့ အနားနားမရှိတော့တာလဲ

ဝမ်းနည်းမိပါတယ်

ငါလေ ဖုန်းလဲဆက်ချင်တယ်

အရင်လို Message ပို့ချင်တယ်

အရင်က ပြောဖူးခဲ့တဲ့ စကားတို့

ပြန်ကြားရင်းနဲ့ လွမ်းနေတယ်

ငါ နင့်သတင်းလေး အမြဲမျှော်တယ်

နင်ပျော်တာသိတော့ ဝမ်းသာတယ်

အရင်က ပေးဖူးခဲ့တဲ့ နင့်ဓာတ်ပုံလေး

ကြည့်လို့ အလွမ်းဖြေတယ်

ငါသာမေ့မရခဲ့တာပဲ

ဘာမှမမှားဘူးမင်းမှန်တယ်

နင်ကိုယ်တိုင်ရေးခြစ်ခဲ့တဲ့

နင့်ရဲ့ ပန်းချီကားပဲ

လွတ်လပ်စွာ မင်းပျံသန်းပါငှက်ကလေးရယ်

အဝေးကြီးမှာ မင်းပျော်တဲ့အခါကျေနပ်တယ်

အရာအားလုံးစွန့်လွှတ်ခဲ့ပေမယ့်

နင့်အပြုံးလေးတော့ လွမ်းမိတယ်

သတိရတယ် ဟိုးအရင်ကလိုအချိန်များရယ်

လွမ်းမိတယ် ဟိုးအရင်ကသူ့လက်ကလေးရယ်

ရင်ခွင်ထဲ ထွေးပွေ့ထားချင်လဲ

ဒီဘဝကတော့ ဒီလောက်နဲ့ငါပျော်နေပါ့မယ်

နင်နေကောင်းဖို့ ဂရုစိုက်ပေးပါ

အရင်တိုင်း နီးခွင့်မရှိပေမယ့်

တစ်ခါတစ်လေ စိတ်မချလွန်းလို့

နင့်ရဲ့ အသံလေး ကြားခွင့်ရချင်တယ်

ငါလေ ဖုန်းလဲဆက်ချင်တယ်

အရင်လို Message ပို့ချင်တယ်

အရင်က ပြောဖူးခဲ့တဲ့ စကားတို့

ပြန်ကြားရင်းနဲ့ လွမ်းနေတယ်

ငါ နင့်သတင်းလေး အမြဲမျှော်တယ်

နင်ပျော်တာသိတော့ ဝမ်းသာတယ်

အရင်က ပေးဖူးခဲ့တဲ့ နင့်ဓာတ်ပုံလေး

ကြည့်လို့ အလွမ်းဖြေတယ်

ငါသာမေ့မရခဲ့တာပဲ

ဘာမှမမှားဘူးမင်းမှန်တယ်

နင်ကိုယ်တိုင်ရေးခြစ်ခဲ့တဲ့

နင့်ရဲ့ ပန်းချီကားပဲ

လွတ်လပ်စွာ မင်းပျံသန်းပါငှက်ကလေးရယ်

အဝေးကြီးမှာ မင်းပျော်တဲ့အခါကျေနပ်တယ်

အရာအားလုံးစွန့်လွှတ်ခဲ့ပေမယ့်

နင့်အပြုံးလေးတော့ လွမ်းမိတယ်

သတိရတယ် ဟိုးအရင်ကလိုအချိန်များရယ်

လွမ်းမိတယ် ဟိုးအရင်ကသူ့လက်ကလေးရယ်

ရင်ခွင်ထဲ ထွေးပွေ့ထားချင်လဲ

ဒီဘဝကတော့ ဒီလောက်နဲ့ငါပျော်နေပါ့မယ်

ရင်ခွင်ထဲ ထွေးပွေ့ထားချင်လဲ

ဒီဘဝကတော့ ဒီလောက်နဲ့ငါပျော်နေပါ့မယ်

เพิ่มเติมจาก မိဖူး

ดูทั้งหมดlogo