menu-iconlogo
huatong
huatong
myo-gyi--cover-image

အဆိပ်ခွက်

မ်ိဳးၾကီး Myo Gyihuatong
go4successhuatong
เนื้อเพลง
บันทึก
သီချင်း - အဆိပ်ခွက်

တေးဆို - မျိုးကြီး

နာကျင်စရာများနဲ့

ဖြန့်ကာ ထားတဲ့

လှိုင်းလေထဲ

ကူးခတ်နေရင်း

ငါ ကမ်းပျောက်နေဆဲ

အို မောပန်းလို့ နွမ်း

ဒဏ်ရာတွေ အပြည့်နဲ့

စိမ့်ဝင်ကာစီးခဲ့

ငါ့ရဲ့သွေး

ခါးသီးပေမယ့်

ခုံမင်ကာ တပ်မက်

ဒါ အဆုံးမရှိတဲ့လမ်း

အိုး သိပါတယ်..

ကာရံတွေ ကင်းမဲ့

အလင်းရောင်တွေ

မရှိတဲ့ ငါ့ဘဝကို

မင်းနင်းချေလိုက်

အဲ့ဒါဟာ မင်းအတွက်အမှန်ဆုံး

ဒါ မင်းလေးအတွက်ပေါ့

ဂျစ်ပစီလို ငါ့အတွက်

မျက်ရည်မကျနဲ့

ချစ်သူလေး ထားခဲ့ပါတော့..

ငါဟာလေ မင်းအတွက်

အို အဆိပ်တခွက်ပါပဲ

ကိုယ့်ချစ်သူရေ..

အို နိုး

ငါဟာမုန်တိုင်းကြားထဲက

လေလွင့်တဲ့ ငှက်တကောင်

မင်းထားခဲ့စမ်း

အို လျှောက်

အာရုဏ်မနက်ခင်းလေးထဲမှာ

အရင်လို ပျိုမြစ်တဲ့လမ်းတွေ

မင်းလျှောက်လိုက်စမ်း

စွန့်ခဲ့

ဝိုင်လိုမူးရစ်အနမ်းတွေ

စွန့်ခဲ့

ပြန်လည်မလိုချင်နဲ့တော့

မင်းအတွက်

ဟိုမှာ လင်းလက်တဲ့ကောင်းကင်

တောက်ပခြင်းတွေ

အို ကြိုလင့်တော့

ကာရံတွေ ကင်းမဲ့

အလင်းရောင် မရှိတဲ့

ငါ့ဘဝကို

မင်းနင်းချေလိုက်

အို ဒါမင်းအတွက်အမှန်ဆုံး

ဒါတွေ မင်းလေးအတွက်ပေါ့

ဂျစ်ပစီလို ငါ့အတွက်

ဘာကြောင့် ငိုကြွေးမလဲ

ချစ်သူလေး နင်မေ့ထားခဲ့

အို ငါ ဟာလေ မင်းအတွက်

အို အဆိပ်တခွက်ပါပဲ..

ကိုယ့် ချစ်.. သူ ရေ..

เพิ่มเติมจาก မ်ိဳးၾကီး Myo Gyi

ดูทั้งหมดlogo