menu-iconlogo
huatong
huatong
avatar

အလွမ်းသင့်ပန်းချီ

ရတနာမိုင်huatong
samct3333huatong
เนื้อเพลง
บันทึก
အလွမ်းသင့်ပန်းချီ

ဆို ရတနာမိုင်

အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ

အတူတူထားရှိခဲ့တဲ့ ကတိများ

တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ တို့ရဲ့အချစ်ဟာ

လေထဲမှာ ပျောက်သွား အပြုံးလေးတစ်ခုကစ

ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား

ထိုင်ကာငေးနေရင်း ဟို တဝါးအဝေးမှာ

အချစ်သစ်တွေ့နေမလား

တစ်နေ့တော့ မင်းပြန်လာဦးမလား

ဟိုး တုန်းကလို ချစ်ဦးမလား

ဘာကြောင့် ငါ့ကို မုန်းသွားခဲ့လဲဖြေ

ဒါအိပ်မက်တွေ ငါ့ဘေးနား ရှိနေနိုင်ဦးမလား

ပြောခဲ့သမျှတွေ ယုံစားကာ

ငါ့ရဲ့ စိတ်တွေက မပြတ်သားနိုင်ခဲ့တာ

မင်းနားလည်ပေးပါ...

ပုံပြင်လေး တစ်ပုဒ်ပြီးဆုံးသွားပြီ...

ကျန်နေခဲ့ပြီ မျက်ရည်များ...

ရင်မှာ ရစ်နှောင်ထားတဲ့ ကြိုးလေးကသာ...

ပြတ်သွားပြီ...

ငါ မုန်းလို့ မရခဲ့တာ...

အချစ်များသာ ကိုးကွယ်လို့ထား...

ငါသာ မင်းတစ်ယောက်တည်းပဲ ချစ်ခဲ့တဲ့အခါ

အရှုံးပြီး အရှုံးပြီ အိုး...

တကယ်ပါ တစ်နေ့တော့ မင်းပြန်လာဦးမလား

ဟိုး တုန်းကလို ချစ်ဦးမလား

ဘာကြောင့် ငါ့ကို မုန်းသွားခဲ့လဲဖြေ

ဒါအိပ်မက်တွေ ငါ့ဘေးနား ရှိနေနိုင်ဦးမလား

ပြောခဲ့သမျှတွေ ယုံစားကာ

ငါ့ရဲ့ စိတ်တွေက မပြတ်သားနိုင်ခဲ့တာ

မင်ခွင့်လွှတ်ပေးပါ....

မေ့မရတဲ့ အချိန်တွေ အဆုံးထိ

မျက်စိမှိတ် မျှော်လင့်ခဲ့ပြီ

ဘာမှမသိတဲ့ တစ်နေ့နေ့ကို

ငါ..စောင့်စားလို့ ..

နှလုံးသား ကွဲကြေနေတဲ့အထိ

အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ

လမ်းစမရှိတဲ့ ငါ့အဖြစ်ကို

မြင်လည်း..Yee..Yee..

ငါ ဆက်ချစ်မယ်

တစ်နေ့တော့ မင်းပြန်လာဦးမလား

ဟိုး တုန်းကလို ချစ်ဦးမလား

ဘာကြောင့် ငါ့ကို မုန်းသွားခဲ့လဲဖြေ

ဒါအိပ်မက်တွေ ငါ့ဘေးနားရှိနေနိုင်ဦးမလား

ပြောခဲ့သမျှတွေ ယုံစားကာ

ငါ့ရဲ့ စိတ်တွေက မပြတ်သားနိုင်ခဲ့တာ

မင်းခွင့်လွှတ်ပေးပါ...

Ye...Ye.....

မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ ....

Huu...Huu....

မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ....

Oo..Oo...Yee....Ye....

မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ....

Oo..Oo...Yee....Yee..Hey...

မပြတ်သားနိုင်ခဲ့တာ

မင်းနားလည်ပေး...ပါ........

เพิ่มเติมจาก ရတနာမိုင်

ดูทั้งหมดlogo