နို့ဘီလူး
တေးဆို ရဲထိုက်
Into 0:10
အမိုက်စခန်းမှာ..
အမှောင်လမ်းတွေမှာ..
လျှောက်လှမ်းကာ..
ရိုင်းစိုင်း ကြမ်းတမ်းစွာ....
အမှားကို အမှန်ထင်ကာ..
ဆိုး ခဲ့လေတာ...
မိုက်ခဲ့လေတာ...
ဒီအမိုက်နွံ့ တွင်းက
ရုန်းထွက်လို့သာ
အမေ့သားမိုက်
အမေ့ဆီပြန်လာ...
...Music...
ဆိုးတဲ့ သားကြီးကို
မိုက်တဲ့ သားကြီးကို
အမေ မှတ်မိနိုင်ရဲ့လား..
အမေ့ရင်ခွင်ဆီ
ပြေးလို့ခိုမည်...
အချိန်များရယ် မှီပါအုံးတော့မလား...
ရင်မှာတွေး..လို့ပူ
အို..အမေ..
သားမိုက် တစ်ယောက်
ပြန်လာပြီ...
...Music...
အမေ့အနား က
ဘယ်အခါ တကယ်မခွာ
ဝဋ်ကြီး ဝဋ်ငယ်
ကိစ္စ အသွယ်သွယ်
အမေ့သား ကရယ်
ပြုစုလို့သာ ပေးပါ့မယ်...
မိုက်ခဲ့သမျှ ဝဋ်ကြွေးတွေ
ပြေပါစေကြောင်း..
ဆုလဲမတောင်းဝံ့ ပါပြီ အမေ..
သံသရာ.. ဒီဝဋ်ကြွေး
မကျေပါရင်လဲ
ရှိပါစေတော့အမေ..
သားလိုလူ အတွက်တော့
ဆိုးခဲ့သမျှ အပြစ်ဒဏ်..
အမိုက်ဒဏ်ရာ
ထိုက်တန်စွာ ခံရတယ်ပဲ
မှတ်ထင်ပါတယ် အမေ
...Music...
ရှု့လှည့်ပါ အမေ..
ကြည့်လှည့်ပါ အမေ..
အမိုက်ဇာတ် တွေသိမ်း
တရားဓမ္မနဲ့ထိန်း
ကောင်းသော လမ်းကိုလှမ်း
မြတ်သော လမ်းကိုမှန်း.
အလင်း ရောင်လေး
ငြိမ်းချမ်းတဲ့ အလင်းရောင်လေး...
မြင်ရတွေ့ရပါပြီ
မြင်ရတွေ့ရပါပြီ အမေ..
...Music...
အေးငြိမ်းချင်းကို
တွေ့ရပြီ အမေ..
အဆိုးအကောင်း
အမှန် အမှား
အထင်ရှားသိခဲ့ပါပြီ အမေ
အမေ့ ကျေးဇူးတွေကို
ဘုရားအမှူးထား.. လို့
ဆပ်ပါရစေ အမေ..
ဆပ်ပါရစေ..
ဘုရားဂုဏ်တော်
တရားဂုဏ်တော်
သံဃာ ဂုဏ်တော်
တန်ခိုးတော် အပေါင်း..
တရား အမှန်ညွှန်ပြ
အမှန် အလင်းကိုမြင်..
အမိုက် ဇာတ်တွေသိမ်း
ငြိမ်းအေးပါပြီ အမေ.....
စာသားပေးပို့သူ A Mon
ကိုလည်း ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် ငြိမ်း