သီချင်း - ကြွေပါစေ
တေးဆို - အာဇာနည်
ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ
ဒါကိုအမှားအယွင်း
တစ်ခုလိုမထင်ချင်ပါ
လမ်းဟောင်းလေးမှာ
နှလုံးသားတစ်ခုရဲ့
တီးတိုးငိုသံ ကြားနိုင်မလား
အိပ်မက်တစ်ခုဟာ ပြီးဆုံးခဲ့ပြီ
လောင်မြိုက်ခြင်းနဲ့
ဘဝကို အဆုံးသတ်မသွားပါ
ဆုံနိုင်ခွင့်ရှိလည်း ဆုံချင်သေးပါရဲ့
ဒီလမ်းလေး ပေါ်မှာ
ရုန်းမထွက်ချင်တော့ပါ
စွဲလန်းခြင်းကို မြတ်နိုးစွာ
ဆိတ်ငြိမ်စွာ ခံစားရင်း
ဘဝကို ကျေနပ်ရမှာပါ
ဘာကိုမျှော်လင့်လို့
ဆုပ်ကိုင်ထားရမလဲ
တစ်ယောက်တည်း
အထီးကျန်နေပြီပဲ
ဘာကိုမကျေနပ်လို့
ဟစ်အော်နိုင်ဦးမလဲ
စကားတွေရှာလည်း မရနိုင်ခဲ့
ဘယ်ကိုထွက်ပြေးလို့
လွတ်မြှောက်ခြင်းရှိမယ်
နှောင်ကြိုးများကို မဖြေနိုင်ခဲ့
ငါဟာသေဆုံးသော
ရွက်ကြွေတွေဘဝလို
လမ်းဟောင်းလေးပေါ်မှာ
ကြွေနေပါစေတော့ ရှုံးပြီးသား
ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ
ဒါကိုအမှားအယွင်း
တစ်ခုလိုမထင်ချင်ပါ
လမ်းဟောင်းလေးမှာ
နှလုံးသားတစ်ခုရဲ့
တီးတိုးငိုသံ ကြားနိုင်မလား
အိပ်မက်တစ်ခုဟာ ပြီးဆုံးခဲ့ပြီ
လောင်မြိုက်ခြင်းနဲ့
ဘဝကို အဆုံးသတ်မသွားပါ
ဆုံနိုင်ခွင့်ရှိလည်း ဆုံချင်သေးပါရဲ့
ဒီလမ်းလေး ပေါ်မှာ
ရုန်းမထွက်ချင်တော့ပါ
စွဲလန်းခြင်းကို မြတ်နိုးစွာ
ဆိတ်ငြိမ်စွာ ခံစားရင်း
ဘဝကို ကျေနပ်ရမှာပါ
ဘာကိုမျှော်လင့်လို့
ဆုပ်ကိုင်ထားရမလဲ
တစ်ယောက်တည်း
အထီးကျန်နေပြီပဲ
ဘာကိုမကျေနပ်လို့
ဟစ်အော်နိုင်ဦးမလဲ
စကားတွေရှာလည်း မရနိုင်ခဲ့
ဘယ်ကိုထွက်ပြေးလို့
လွတ်မြှောက်ခြင်းရှိမယ်
နှောင်ကြိုးများကို မဖြေနိုင်ခဲ့
ငါဟာသေဆုံးသော
ရွက်ကြွေတွေဘဝလို
လမ်းဟောင်းလေးပေါ်မှာ
ကြွေနေပါစေတော့ ရှုံးပြီးသား
ငါဟာသေဆုံးသော
ရွက်ကြွေတွေဘဝလို
လမ်းဟောင်းလေးပေါ်မှာ
ကြွေနေပါစေတော့ ရှုံးပြီးသား