menu-iconlogo
huatong
huatong
avatar

တမ်းတ Unicode

ဝိုင်ဝိုင်းhuatong
michael5075_53110huatong
เนื้อเพลง
บันทึก
တမ်းတ

တေးဆို ဝိုင်ဝိုင်း

တိမ်များကို ကြည့်ငေးရင်း

အတွေးများ ရွေ့နေစဉ်

လေပြည်ညင်းနဲ့လွင့်လာတယ်

အတိတ်သံစဉ် ဟောင်းရယ်

တစ်ချိန်က ပိုင်ဆိုင်ခဲ့သမျှ

အိမ်မက် တစ်ခုလိုသာ

တကယ်ဆုံးရှုံးခဲ့ပြီလား

အမေးတွေရင်ထဲ ကြေကွဲ

ကံကြမ္မာရဲ့ အပြောင်းအလဲတွေအတိုင်း

ရင်ဆိုင်ဖြတ်ရင်းလေ

ဟေးးး ငါ့အတွက်အဆုံးမှာဘယ်သူရှိမလဲ

ပြန်ဆုံချင်တိုင်း မရနိုင်မှန်း

ငါတကယ် သိရက်နဲ့

ဟေးးး မေ့ပစ်ဖို့တော့မလွယ်သေးဘူး

ဟိုးတုန်းက အဖြစ်ပျက်တွေလည်း

တိမ်ထဲက မီးခိုးများသာ

အေးချမ်းတဲ့ ညဆည်းဆာအလှ

အမြဲတမ်း သိမ်းထားလို့မရပါ

အတိတ်ရဲ့အချိန် ခဏပြန်လွမ်းတယ်

တိမ်များကို ကြည့်ငေးရင်း

အတွေးများ ရွေ့နေစဉ်

လေပြည်ညင်းနဲ့ လွင့်လာတယ်

အတိတ်သံစဉ် ဟောင်းရယ်

တစ်ချိန်က ပိုင်ဆိုင်ခဲ့သမျှ

အိမ်မက် တစ်ခုလိုသာ

တကယ်ဆုံးရှုံးခဲ့ပီလား

အမေးတွေရင်ထဲ ကြေကွဲ

ကံကြမ္မာရဲ့ အပြောင်းအလဲတွေတိုင်း

ရင်ဆိုင်ဖြတ်ရင်းလေ

ဟေး...ငါ့အတွက်အဆုံးမှာ ဘယ်သူရှိမလဲ

အလိုဆန္ဒတိုင်းမရနိုင်မှန်း

ငါတကယ်သိရက်နဲ့

ဟေး...မေ့ပစ်ဖို့တော့မလွယ်သေးဘူး

ဟိုးတုန်းက အဖြစ်ပျက်တွေလည်း

တိမ်ထဲက မီးခိုးများသာ

အေးချမ်းတဲ့ ညဆည်းဆာအလှ

အမြဲတမ်းသိမ်းထားလို့ မရပါ

အတိတ်ရဲ့အချိန်ခဏ ပြန်လွမ်းတယ်

ပြန်ဆုံချင်လည်း မရတော့ဘူး

ငါတကယ်သိရက်နဲ့

ဟေး... မေ့ပစ်ဖို့တော့မလွယ်သေးဘူး

ဟိုးတုန်းက အဖြစ်ပျက်တွေလည်း

တိမ်ထဲက မီးခိုးများသာ

အေးချမ်းတဲ့ ညဆည်းဆာအလှ

အမြဲတမ်း သိမ်းထားလို့မရပါ

အတိတ်ရဲ့အချိန်ခဏပြန်လွမ်းတယ်

အတိတ်ကို

ခဏပြန်ရောက်ချင်တယ်

ရင်မှာ တမ်းတ

ဟိုးတချိန်ကဘဝများ

ငါတကယ်ကို တမ်းတ

ပြန်မရနိုင်တော့ပါလား

တမ်းတ.. ဟူးဟူဟူး...

တမ်းတ ဟိုး..ဟိုး..

တမ်းတ

“သီချင်းလေးတွေ အမြဲတမ်း

ထည့်‌ပေးသွင်းမှာမို့

เพิ่มเติมจาก ဝိုင်ဝိုင်း

ดูทั้งหมดlogo