အချစ်စစ်တန်ဖိုးမောင်နားမလည်
သီတာမိုး
Uploade by
ချစ်တယ်စကားတဖွဖွပြော
မုန်းတော့လည်း.သူပဲမဟုတ်သလို
မောင်ရယ်.မောင်ရယ်
ထားခဲ့ဖူးတဲ့.ကတိတွေပျက်ပြယ်
အမုန်းဆိုစကားမကြားချင်းဘူးတဲ့
အခုတော့လည်း.မောင်ပြောသွားပြီ
ဂုဏ်ငယ်သူကို
အစကမသိလို့.ချစ်ခဲ့သလားကွယ်
ယုံမှတ်လို့.ချစ်မိလို့လည်း...
ပုံအပ်ခဲ့မေ့ဘဝကိုကွယ်
ပန်းကလေးလို.ခူးခြွေကာရယ်
ညှိုးနွမ်းသွားမှ.စွန့်သွားသူကြီးရယ်
အချစ်စစ်ဆိုတာမျိုးရယ်
ဇာတ်သိမ်းတိုင်းပေါင်းရမယ်လို့များ
ကလေးဆန်ဆန်အတွေးနဲ့
ယုံစားလို့ချစ်မိသူပါကွယ်....
သြော်..အချစ်စစ်ဆိုတာမျိုးရယ်
ဇာတ်သိမ်းတိုင်း.ပေါင်းရမယ်လို့များ
ကလေးဆန်ဆန်အတွေးနဲ့
ယုံစားလို့.ချစ်မိသူပါကွယ်...
မေ့အပြစ်တွေပါ.နားလည်တယ်
ရက်စက်အနိုင်နဲ့ပိုင်းသူ.မောင်ရယ်
အချစ်စစ်တစ်ခုရဲ့
တန်ဖိုးမောင်နားမလည်
ချစ်တယ်စကားတဖွဖွပြော
မုန်းတော့လည်း.သူပဲမဟုတ်သလို
မောင်ရယ် မောင်ရယ်
ထားခဲ့ဖူးတဲ့.ကတိတွေပျက်ပြယ်
အမုန်းဆိုစကားမကြားချင်ဘူးတဲ့
အခုတော့လည်း.မောင်ပြောသွားပြီ
ဂုဏ်ငယ်သူကို
အစကမသိလို့.ချစ်ခဲ့သလားကွယ်
ယုံမှတ်လို့ချစ်မိလို့လည်း
ပုံအပ်ခဲ့မေ့ဘဝကိုကွယ်
ပန်းကလေးလို.ခူးခြွေကာရယ်
ညှိုးနွမ်းသွားမှ.စွန့်သွားသူကြီးရယ်
အချစ်စစ်ဆိုတာမျိုးရယ်
ဇာတ်သိမ်းတိုင်း.ပေါင်းရမယ်လို့များ
ကလေးဆန်ဆန်အတွေးနဲ့
ယုံစားလို့.ချစ်မိသူပါကွယ်...
သြော်..အချစ်စစ်ဆိုတာမျိုးရယ်
ဇာတ်သိမ်းတိုင်း.ပေါင်းရမယ်လို့များ
ကလေးဆန်ဆန်အတွေးနဲ့
ယုံစားလို့.ချစ်မိသူပါကွယ်....
မေ့အပြစ်တွေပါ.နားလည်တယ်
ရက်စက်အနိုင်နဲ့ပိုင်းသူ.မောင်ရယ်
အချစ်စစ်တစ်ခုရဲ့
တန်ဖိုးမောင်နားမလည်