menu-iconlogo
huatong
huatong
-duet-cover-image

တင့်တင့်တယ်တယ်(Duet)

ဟေမာနေဝင်းhuatong
ကိုကိုဆိုးပေhuatong
เนื้อเพลง
บันทึก
"တင့်တင့်တယ်တယ်" (Duet)

တေးရေး> ရွှေတိုင်ညွန့်

တေးဆို> ဟေမာနေဝင်း

(မူရင်းသီဆိုသူ-စိန်ပါတီ)

Girl > G , Boy > B

Ready…!

3️⃣

2️⃣

1️⃣

Go <ခြေဆင်း>

G> လောကီ ဘဝရယ်

သဘောညီ မျှတယ်

ရှင်နဲ့ကျမနဲ့ တိုင်တိုင်ပင်ပင် . .

ချစ်ခင်ဖို့ရယ် ရှေးကံဆက်သွယ် . .

ကျမ အတွင်းသဘောကို-

အကုန်လုံးပဲ ပြောပြပါမယ် . .

မောင်ရဲ့ စိတ်ကူး

အထူးပဲ သိလိုပါ... တယ်...

G> သနပ်ခါးခြေဆုံးခေါင်းဆုံး

မောင့်လုပ်စာကို မဖြုန်းလိုပါတယ်

ကိုယ်နဲ့ တတ်အားသရွေ့တော့

ကျောထောက် နောက်ခံ

ကူညီရန်ပဲ တကယ် . .

><><

G> သနပ်ခါးခြေဆုံးခေါင်းဆုံး

မောင့်လုပ်စာကို မဖြုန်းလိုပါတယ်

ကိုယ်နဲ့ တတ်အားသရွေ့တော့

ကျောထောက် နောက်ခံ

ကူညီရန်ပဲ တကယ် . .

><><

B> စီးပွါးရှာမယ် ကြီးပွားကာရယ်

တူစုံ မောင်နဲ့ မယ် . .

ကိုယ့်အိုးအိမ်နဲ့

စိန်နဲ့ ရွှေနဲ့ ဂုဏ်မငယ် . .

><><

B> စီးပွါးရှာမယ် ကြီးပွားကာရယ်

တူစုံ မောင်နဲ့ မယ် . .

ကိုယ့်အိုးအိမ်နဲ့

စိန်နဲ့ ရွှေနဲ့ ဂုဏ်မငယ် . .

G> ကုသိုလ် ဆုံဖွယ်

မြတ်တဲ့စိတ်မှာ သဒ္ဓါ . . မနွမ်း . .

လှူမယ် တန်းမယ် မှန်းကာရွယ် . .

ချမ်းသာစွာ တကယ်

ခင်နဲ့မောင်နဲ့ အကျိုးပေးသန်ပါတယ် . .

><><><><

B+G> ခုလို တူနှစ်သွယ်

ဖူးစာရေစက်ရယ်

လူမဖက်လို့သာ နတ်ဖက်ပါတယ်

ခုလို တူနှစ်သွယ်

ဖူးစာ ရေစက်ရယ်

လူမဖက်လို့သာ နတ်ဖက်ပါတယ်

><><

B> ဘုရားသွားလည်း

အတူတူပဲကွယ်

မခွဲနိုင်ပေါင် မောင်နဲ့မယ် . .

><><

G> ကျောင်း သွားလည်း

အတူတူပဲ ကွယ်

မခွဲနိုင်ပေါင် မောင်နဲ့မယ် . .

B+G> ရာသက်တိုင်ပေါင်း

အကြောင်းဆက်သွယ်

အမြဲတူစုံချစ်မယ် . . .

တင့်တင့်တယ်တယ်

><><><><><><><

(မူရင်းတေးရေး+ တေးဆို+ တီးခတ်သူ+ အသံဖမ်းသူ+ စီစဉ်သူ+ ထုတ်ဝေသူ အားလုံးကို လေးစားကျေးဇူးတင်လျက်)

-ကိုကိုဆိုးပေ-

Ready…!

3️⃣

2️⃣

1️⃣

Go

B> ဝိရီယ ရှိသောသူမှာ

ရွှေငွေ စီးပွါး များနိုင်တယ်

ဓမ္မိယ လဒ္ဓစင်ကြယ်

အမှန် ပြော . . မယ်

G> သစ်တစ်ပင် အခက်ကောင်းရင်

ငှက်တစ်သောင်းလည်း

အောင်း နိုင်တယ် . .

ရှေးစကားနဲ့သာပင် ညီမျှဖွယ်

B> ဝိရီယ ရှိသောသူမှာ

ရွှေငွေ စီးပွါး များနိုင်တယ်

ဓမ္မိယ လဒ္ဓစင်ကြယ်

အမှန် ပြော . . မယ်

G> သစ်တစ်ပင် အခက်ကောင်းရင်

ငှက်တစ်သောင်းလည်း

အောင်း နိုင်တယ် . .

ရှေးစကားနဲ့သာပင် ညီမျှဖွယ်

B> ဆွေကောင်းရင် တစ်စလယ်

မျိုးကြွယ်ရင် တစ်စလောင်း . .

G> လင်ကောင်းရင် စံကာရယ်

B+G> တင့်တင့် တယ်တယ် . . .

><< (ကပ္ပိဏ္ဏ = ကပ်ပိဏ်ဏ လို့ဖတ်ရန်) ><<

B> ကပ္ပိဏ္ဏနဲ့ အနော်ဇာ

မဟော်သဓာ အမရာပုံနှယ်

ဘဝ ရှေးဟောင်းက

အကြောင်းကံ ဆုံတယ်

မယ်မဒ္ဒီ ဝေဿန်အလားလို့

အား . . ကျ စေဖွယ်

အထူးပဲပြည့်တဲ့

ပါရမီ . . တွေရယ် . .

G> ကပ္ပိဏ္ဏနဲ့ အနော်ဇာ

မဟော်သဓာ အမရာပုံနှယ်

ဘဝ ရှေးဟောင်းက

အကြောင်းကံ ဆုံတယ်

မယ်မဒ္ဒီ ဝေဿန်အလားလို့

အား . . ကျ စေဖွယ်

အထူးပဲပြည့်တဲ့

ပါရမီ . . တွေရယ် . .

B+G> ရွှေနဲ့မြ လိုက်လျောညီပေတယ်

ငွေသော်တာ စန္ဒာမင်းလို

ထွန်းလင်းကာသာ နှစ်ဖြာတူမောင်မယ်

><><><

B+G> ခုလို တူနှစ်သွယ်

ဖူးစာရေစက်ရယ်

လူမဖက်လို့သာ နတ်ဖက်ပါတယ်

ခုလို တူနှစ်သွယ်

ဖူးစာ ရေစက်ရယ်

လူမဖက်လို့သာ နတ်ဖက်ပါတယ်

><><

B> ဘုရားသွားလည်း

အတူတူပဲကွယ်

မခွဲနိုင်ပေါင် မောင်နဲ့မယ် . .

><><

G> ကျောင်း သွားလည်း

အတူတူပဲ ကွယ်

မခွဲနိုင်ပေါင် မောင်နဲ့မယ် . .

B+G> ရာသက်တိုင်ပေါင်း

အကြောင်းဆက်သွယ်

အမြဲတူစုံချစ်မယ် . . .

တင့်တင့် တယ်.. တယ်..။

><><><><><><><

"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"

-ကိုကိုဆိုးပေ-

(သီချင်းတင်‌ပေးသူ စီနီယာများကို လေးစားလျက်)

เพิ่มเติมจาก ဟေမာနေဝင်း

ดูทั้งหมดlogo