menu-iconlogo
huatong
huatong
avatar

မိုးခါးရေ

ဆောင်းဦးလှိုင်huatong
realtor86huatong
เนื้อเพลง
บันทึก
ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သောလူသား

တစ်ယောက်ဖြစ်ချင်တယ်

လူတွေကို ငါခွင့်လွှတ်တတ်လာတယ်

တစ်ခါတစ်ရံမျှော်လင့်သလောက် မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ ငါ့ကို

ချနင်ပြီးဟားတိုက် လှောင်ဦးမလား

ခံနိုင်ရည်ရှိသောလူသားတစ်ယောက်ဖြစ်ချင်တယ်

တကယ်ဆိုရင်လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သောလူသား

တစ်ယောက်ဖြစ်ချင်တယ်

တကယ်ဆိုရင်လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ၊ ရန်ငြိုးများမရှိစေနဲ့

ဘယ်သူတွေတရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

လောကသစ္စာ အမှန်ဆိုတာငုံ့လျှိုးလည်းခဏ

ယုံကြည်ရာစီ အပြုံးမပျက်သွား

စာနာစိတ်ကလေးထား အခက်ခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

တကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေတရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

စာနာစိတ်ကလေးထား

အခက်ခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

ဘယ်သူတွေတရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

เพิ่มเติมจาก ဆောင်းဦးလှိုင်

ดูทั้งหมดlogo