ပန်းပုသူဇာ
ဇော်ဝမ်း
အရင် ဟိုနှစ်တုန်းကပေါ့ဗျာ
အောင်ပွဲတွင်
ခင် အဝါရောင်ဖျော့ဖျော့
နန်းဆင်ချိတ်ကိုပဲ သူမြန်းဆင်
မှတ်မိပါ သေးတယ်
အဲ့ဒီတုန်းကသူ့အသွင်
မန်းဆန်ဆန်နဂိုယဉ်
အလွန်အကျွံမပြုပြင်
အရင် ဟိုနှစ်တုန်းကပေါ့ဗျာ
အောင်ပွဲတွင်
ခင် အဝါရောင်ဖျော့ဖျော့
နန်းဆင်ချိတ်ကိုပဲ သူမြန်းဆင်
မှတ်မိပါသေးတယ်
အဲ့ဒီတုန်းကသူ့အသွင်
မန်းဆန်ဆန်နဂိုယဉ်
အလွန်အကျွံမပြုပြင်
တဖြည်းဖြည်း
သူ့အနားရောက်တော့ရင်
အမြင်သစ်အတွေ့သစ်ခင်မင်
သံသရာငွေ့ထင်
အနီးအဝေးရှုတိုင်းလှတဲ့ခင်
ဆုတောင်းကောင်းတဲ့အပျိုစင်
ဆိုစရာအပြစ်မမြင်
တဖြည်းဖြည်း
သူ့အနားရောက်တော့ရင်
အမြင်သစ်အတွေ့သစ်ခင်မင်
သံသရာငွေ့ထင်
အနီးအဝေးရှုတိုင်းလှတဲ့ခင်
ဆုတောင်းကောင်းတဲ့အပျိုစင်
ဆိုစရာအပြစ်မမြင်
စံနမူနာတင် စာတွေ့အလှဘုရင်
ဥမ္မာဒန္တီ ပပဝတီနဲ့ပင်
သူတို့ကိုလည်း မမြင်ဘူးလို့
ယှဉ်တုလို့ဖြင့်မဆိုချင်
စံနမူနာတင် စာတွေ့အလှဘုရင်
ဥမ္မာဒန္တီ ပပဝတီနဲ့ပင်
သူတို့ကိုလည်း မမြင်ဘူးလို့
ယှဉ်တုလို့ဖြင့်မဆိုချင်
ကိုယ်ထင်ရာ အမွှန်းတင်
သူပဲအလှဘုရင်
တစ်ရေးရေး စွဲစွဲလမ်းလမ်းခင်
Music
စံနမူနာတင် စာတွေ့အလှဘုရင်
ဥမ္မာဒန္တီ ပပဝတီနဲ့ပင်
သူတို့ကိုလည်း မမြင်ဘူးလို့
ယှဉ်တုလို့ဖြင့်မဆိုချင်
စံနမူနာတင် စာတွေ့အလှဘုရင်
ဥမ္မာဒန္တီ ပပဝတီနဲ့ပင်
သူတို့ကိုလည်း မမြင်ဘူးလို့
ယှဉ်တုလို့ဖြင့်မဆိုချင်
ကိုယ်ထင်ရာ အမွှန်းတင်
သူပဲအလှဘုရင်
တစ်ရေးရေး စွဲစွဲလမ်းလမ်းခင်
ကံကောင်းထောက်မလို့ပင်
တစ်နေ့သောအခါတွင်
မွန်မွန်ရည်ရည် ဧည့်ဆောင်တစ်ခုတွင်
ပြုံးမယောင်ယောင်
နှုတ်ခွန်းဆက်တော့မလိုလို
ကြိုတင်ထင်စား
သူ့အနားရောက်တော့ရင်
ကံကောင်းထောက်မလို့ပင်
တစ်နေ့သောအခါတွင်
မွန်မွန်ရည်ရည် ဧည့်ဆောင်တစ်ခုတွင်
ပြုံးမယောင်ယောင်
နှုတ်ခွန်းဆက်တော့မလိုလို
ကြိုတင်ထင်စား
သူ့အနားရောက်တော့ရင်
အလို ဟင် သုခုမဆရာတစ်ဦးရဲ့
စိတ်ကူးနုပန်းပု သူဇာ ခင်