menu-iconlogo
huatong
huatong
avatar

ဆုံနိုင်ခွင့် Sone Naing Khwint

Alexhuatong
slivings2544huatong
เนื้อเพลง
บันทึก
နှစ်ကိုယ်တူဝေးတဲ့အချိန်လေးများ

မဖြေနိုင်အလွမ်းများငြိတွယ်ဆဲ

သိပ်မြတ်နိုးတဲ့နှောင်ကြိုးလေးအတွက်

ဖြေသိမ့်စရာလည်းမတွေ့နိုင်

နွံအိပ်မက်ထဲကျွံနေဆဲပဲ

အကြင်နာစိတ်အတွက်မျက်ရည်ဝဲ

နွေကန္တာခရီး ဘယ်အထိဆက်ပြီး

ကိုယ်သွားရမှာလဲ​ကျွမ်းလုပြီအသည်း

ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

ရင်မောစွာအလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ

ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

ရင်မောစွာအလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ

ဆန္ဒလေးသိမ်ငယ် တို့ဆုတောင်းလေးများ

ဘယ်မှာပြည့်မလဲ...

ရင်မောစွာမင်းမေ့သွားမှာကိုစိုးတယ်

ကိုယ်တွေးကြည့်တယ်

လူနှစ်ယောက်ရဲ့ ရင်ထဲမှာ

အချစ်တွေရှိကြတယ် အဲဒီအချစ်တွေဟာ

သူတို့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ

သော့ခတ်သိမ်းဆည်းရင်းနဲ့

မဖြစ်နိုင်သေးတဲ့အနာဂတ်တစ်ခုဆီကို

မျှော်လင့်တောင့်တပြီး

အသက်ဆက်ရှင်ကြတယ်

တစ်နေ့နေ့တော့ သူတို့အချစ်တွေ

ဆုံနိုင်ကောင်းပါတယ်

နှစ်ကိုယ်တူဝေးတဲ့အချိန်လေးများ

မဖြေနိုင်အလွမ်းများငြိတွယ်ဆဲ

သိပ်မြတ်နိုးတဲ့နှောင်ကြိုးလေးအတွက်

ဖြေသိမ့်စရာလည်းမတွေ့နိုင်

နွံအိပ်မက်ထဲကျွံနေဆဲပဲ

အကြင်နာစိတ်အတွက်မျက်ရည်ဝဲ

နွေကန္တာခရီး ဘယ်အထိဆက်ပြီး

ကိုယ်သွားရမှာလဲ​ကျွမ်းလုပြီအသည်း

ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

ရင်မောစွာအလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ

ဆုံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

ရင်မောစွာအလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ

ဆန္ဒလေးသိမ်ငယ် တို့ဆုတောင်းလေးများ

ဘယ်မှာပြည့်မလဲ...

ရင်မောစွာမင်းမေ့သွားမှာကိုစိုးတယ်

နောက်ဆုံးမှာ မင်းမေ့သွားမှာကိုစိုးတယ်

เพิ่มเติมจาก Alex

ดูทั้งหมดlogo