menu-iconlogo
huatong
huatong
avatar

နေရာတိုင်းမှာ

Athen Cho Swehuatong
nicole_gourlayhuatong
เนื้อเพลง
บันทึก
သီချင်း - နေရာတိုင်းမှာ

တေးဆို - အေသင်ချိုဆွေ

အို အို အို ..အို အို အို

ရောင်နီကိုကြိုလင့်တဲ့ပန်းကလေးတွေ

အချစ်ဆုံးရဲ့အနံ့အသက်ကိုယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့သတင်းစကားကိုဆောင်ခဲ့ပြီ

နေခြည်တွေခြုံလွှမ်းတဲ့မနက်ခင်းမှာ

အချစ်ဆုံးရဲ့အနွေးဓာတ်ကိုပြန်ရပြီ

လေပြေကလေး ဆော့ကစားတဲ့ညချမ်းမှာ

အချစ်ဆုံးရဲ့အထိအတွေ့ကိုပြန်ရပြီ

ဘယ်ဆီကိုရောက်လို့လေ

ဘယ်လောက်ပဲဝေးရလည်း

ဘယ်တော့မှအထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာမင်းရှိတယ်

လူတွေကကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီးသနားကြသတဲ့

အချစ်ကလေးရယ်...

ဒီကမ်ဘာမှာကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှမရှိတော့တာ မသိဘူးရယ်

ဘယ်ဆီကိုရောက်လို့လေ

ဘယ်လောက်ပဲဝေးရလည်း

ဘယ်တော့မှအထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာမင်းရှိတယ်

လူတွေကကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီးသနားကြသတဲ့

အချစ်ကလေးရယ်...

ဒီကမ်ဘာမှာကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှမရှိတော့တာ မသိဘူးကွယ်

အို အို အို ..အို အို အို

ရောင်နီကိုကြိုလင့်တဲ့ပန်းကလေးတွေ

အချစ်ဆုံးရဲ့အနံ့အသက်ကိုယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့သတင်းစကားကိုဆောင်ခဲ့ပြီ

เพิ่มเติมจาก Athen Cho Swe

ดูทั้งหมดlogo