menu-iconlogo
huatong
huatong
avatar

ပန်းမျိုးတစ်ရာ

Bo Bohuatong
intersemprehuatong
เนื้อเพลง
บันทึก
သီချင်း - ပန်းမျိုးတစ်ရာ

တေးဆို- Bo Bo

ပန်းမျိုးတစ်ရာ ပွင့်ရှာသလိုပင်

သင်းကြိုင်ယဉ်တန်ခူးလမှာ

သင်္ကြန်မယ်တွေ မြူးပျော်ရွှင်

လာမယ်ဆိုလို့ တွေ့ဆုံချင်

မနှစ်ကထက်ကို လှလွန်းထင်

ဆင်မြန်းကာပင် ချစ်စရာလုံမေခင်

ပန်းမျိုးတစ်ရာ ပွင့်ရှာသလိုပင်

သင်းကြိုင်ယဉ်တန်ခူးလမှာ

သင်္ကြန်မယ်တွေ မြူးပျော်ရွှင်

လာမယ်ဆိုလို့ တွေ့ဆုံချင်

မနှစ်ကထက်ကို လှလွန်းထင်

ဆင်မြန်းကာပင် ချစ်စရာလုံမေခင်

ရွှဲအောင်ပဲလောင်းချင်နံသာရေနဲ့ပင်

သင်္ကြန်နှမအလှယဉ်သည်ရေပွဲသဘင်

ချစ်စရာသွေးနုယဉ်

သင်္ကြန်မယ်နှမအသွင်ပြုံးကာပဲနွဲ့ယဉ်

သူလေအလှဘုရင်

ပန်းမျိုးတစ်ရာ ပွင့်ရှာသလိုပင်

သင်းကြိုင်ယဉ်တန်ခူးလမှာ

သင်္ကြန်မယ်တွေ မြူးပျော်ရွှင်

လာမယ်ဆိုလို့ တွေ့ဆုံချင်

မနှစ်ကထက်ကို လှလွန်းထင်

ဆင်မြန်းကာပင်ချစ်စရာလုံမေခင်

ပန်းမျိုးတစ်ရာ ပွင့်ရှာသလိုပင်

သင်းကြိုင်ယဉ်တန်ခူးလမှာ

သင်္ကြန်မယ်တွေ မြူးပျော်ရွှင်

လာမယ်ဆိုလို့ တွေ့ဆုံချင်

မနှစ်ကထက်ကို လှလွန်းထင်

ဆင်မြန်းကာပင် ချစ်စရာလုံမေခင်

ရွှဲအောင်ပဲလောင်းချင်နံသာရေနဲ့ပင်

သင်္ကြန်နှမအလှယဉ်သည်ရေပွဲသဘင်

ချစ်စရာသွေးနုယဉ်သင်္ကြန်မယ်နှမအသွင်

ပြုံးကာပဲနွဲ့ယဉ်သူလေအလှဘုရင်

ကြည်ကြည်လင်လင်

တန်ခူးလရဲ့တေးသံပင်အသံချိုချိုလွင်

ဆိုကာတီးမှုတ်ကြတဲ့အခါပင်

အကအလှစုံလင် နှစ်တိုင်းပျော်ရွှင်

နှစ်သစ်ကူးတဲ့တန်ခူးလအခါတော်တွင်

ကြည်ကြည်လင်လင်

တန်ခူးလရဲ့တေးသံပင်

အသံချိုချိုလွင်ဆိုကာတီးမှုတ်ကြတဲ့အခါပင်

အကအလှစုံလင် နှစ်တိုင်းပျော်ရွှင်

နှစ်သစ်ကူးတဲ့တန်ခူးလအခါတော်ပင်

ရွှဲအောင်ပဲလောင်းချင်နံသာရေနဲ့ပင်

သင်္ကြန်နှမအလှယဉ်သည်ရေပွဲသဘင်

ချစ်စရာသွေးနုယဉ်သင်္ကြန်မယ်နှမအသွင်

ပြုံးကာပဲနွဲ့ယဉ်သူလေအလှဘုရင်

သင်္ကြန်မှာပင်အကအလှစုံလင်

နှစ်တိုင်းပျော်ရွှင်နှစ်သစ်ကူးတဲ့

တန်ခူးလအခါတော်တွင်

เพิ่มเติมจาก Bo Bo

ดูทั้งหมดlogo