menu-iconlogo
huatong
huatong
avatar

ကျေးကျွန်

Mi Sandihuatong
เนื้อเพลง
บันทึก
သီချင်း - ကျေးကျွန်

တေးဆို - မိစန္ဒီ+နီနီခင်ဇော်

ဘယ်လိုခံစားရမယ် သိရဲ့သားနဲ့

လွယ်လွယ်ပြောထွက်တယ်

စိတ်ကုန်သွားပြီတဲ့

မြူမှုန်တစ်စလောက်တောင် ငါ့စိတ်ထဲတော့

ငြိုငြင်ခြင်းမရှိပါ

ဟိုးအရင်ကလိုပဲ

နင်ဘယ်လိုဘဲ အပြစ်မရှိ အပြစ်တွေရှာ

အမြဲဆက်ချစ်နေမှာ

နင် နှင်မထုတ်မချင်း ငါနေပေးရင်း

ခံစားခွင့်ပေးပါ နင့်အနား အချစ်

နှလုံးသားတည့်တည့်အား ဓားနဲ့ထိုးစိုက်သွား

အပိုတွေလို့ထင် မလိုချင်တော့ရင်

လုံး၀မငဲ့နဲ့ နင်ချန်ရစ်

နင် တကယ် စိတ်ကုန်ပြီ

မပျော်နိုင်တော့ဘူးဆိုလည်း သွားပါ

စွန့်ခွာထွက်သွား ငါ့ရဲ့အနားနားက

နင်စပြီး ပြတ်သား ငါအရင် စလို့ ဘယ်လိုမှ

မမုန်းနိုင်မမေ့နိုင် လို့ပါ

နင် စလို့ လမ်းခွဲသွား

မစားကောင်းတဲ့ အသီးတစ်သီး ငါစမ်းလို့

မြည့်ကြည့် အဲဒီက စပြီး ငါ့ဘ၀ကြီးသွားပြီ

မြိုက်ညှပ်ခဲ့တဲ့ မီး လောင်မြိုက်လို့

ကျွမ်းပြီ သွေးသားမက အရိုးပါမကျန်အောင်

ဝါးမြိုကာ နင်ဖျက်စီး ငါ့အဖြစ်က

ဘောလုံးတစ်လုံးလိုလား

မင်းစိတ်ကြိုက် မြေကြီးပေါ်ကိုချ

မင်းခြေထောက်နဲ့ ယှဉ်ပြေးပြေးခံထား

ပျင်းလာရင် မိုးပေါ်မြှောက်လို့ကစား

ထာ၀ရ ပေးဆပ်ဖို့

ငါအသင့်ဖြစ်ခဲ့လည်း ဘယ်တော့မှ နင်က

မကျေနပ်ဘူး ဘယ်လိုကြိုးစားပစေကွယ်

ဒီထက် ငါပေးဆပ်ချင်ပေမယ့်လည်း

နောက်ထပ် ငါပေးစရာ ဘာရှိသေးလဲ

ဒီထက် ငါအရှုံးပေးချင်ပေမယ့်လည်း

နောက်ထက် ထပ်ရှုံးစရာ မရှိတော့ဘူးတကယ်

အမြဲလို ညည ထကြွတယ်

အားငယ်၀မ်းနည်းမှုများလည်း

ငါလေ နှစ်ပါးသွား ကရတယ်

ချစ်သူ အပျင်းပြေ ရှုစားကွယ်

မြေပေါ် ကျရ ခရတဲ့

ပုလဲဖြူ မျက်ရည်ဥများအတွက်

နင်လေ ငဲ့မတွက် ထည့်မတွက်နဲ့

မင်းပျော်မယ်ဆို အားလုံး သုခပဲ

နင် တကယ်စိတ်ကုန်ပြီ

မပျော်နိုင်တော့ဘူးဆိုလည်း သွားပါ

စွန့်ခွာထွက်သွား ငါ့ရဲ့အနားနားက

နင်စပြီး ပြတ်သား

ငါအရင် စလို့ ဘယ်လိုမှ

မမုန်းနိုင်မမေ့နိုင် လို့ပါ

နင် စလို့ လမ်းခွဲသွား

ဟုတ်တယ် ငါက နွား

အချစ်ရဲ့ ကျေးကျွန်ပါ

နင် စေလိုရာစေ ထားရာ ငါနေပေးရုံသာ

ငါ့အဆင့်ငါ သိတယ် ဆုံးဖြတ်ပါ တိခနဲ

ကြေကွဲစွာ လက်ခံပေးမယ် လုပ်လိုက်တော့

စိတ်ထဲဘာရှိလဲ

ဟုတ်တယ် ငါက နွား

အချစ်ရဲ့ ကျေးကျွန်ပါ

နင် စေလိုရာစေ ထားရာ ငါနေပေးရုံသာ

ငါ့အဆင့်ငါ သိတယ် ဆုံးဖြတ်ပါ တိခနဲ

ကြေကွဲစွာ လက်ခံပေးမယ်

လုပ်လိုက်တော့ စိတ်ထဲဘာရှိလဲ

နင့်ကို တွေ့ချင်တဲ့စိတ်

နင့်ကို မေ့ချင်တဲ့စိတ်

အရမ်းကို မုန်းပစ်ချင်တဲ့ စိတ်နဲ့

တစ်သက်လုံး ချစ်ချင်တဲ့ စိတ်

နေ့စဉ်ဒွန်တွဲ လွန်ဆွဲ

အရူးလို ငိုခဲ့ ယိုခဲ့

နင့်ကို လိုအပ်နေတဲ့

ငါ့စိတ်ကို ဘယ်လိုဖြတ်ချေမလဲ

ငါရယ်လည်း မျက်နှာမဲ့တယ်

ငါငိုလည်း အပိုတွေဘဲတဲ့

နင့်မျက်စိထဲ ကြက်ခြေခတ်ဘဲ

အဖု အထစ်တို့ ရက်တွေ ဆက်ခဲ့

တော်ပါတော့ အသက်ရှုကြပ်တယ်

ဒီလောက် နင် စိတ်ပျက်နေလည်း

ရှေ့ဆက်ဖို့က သိပ်ခက်နေလည်း

နှိပ်စက်မနေနဲ့ စတင်ပြတ်စဲ

နင် တကယ်စိတ်ကုန်ပြီ

မပျော်နိုင်တော့ဘူးဆိုလည်း သွားပါ

စွန့်ခွာထွက်သွား ငါ့ရဲ့အနားနားက

နင်စပြီး ပြတ်သား

ငါအရင် စလို့ ဘယ်လိုမှ

မမုန်းနိုင်မမေ့နိုင်လို့ပါ

နင် စလို့ လမ်းခွဲသွား

နင် တကယ်စိတ်ကုန်ပြီ

မပျော်နိုင်တော့ဘူးဆိုလည်း သွားပါ

စွန့်ခွာထွက်သွား ငါ့ရဲ့အနားနားက

နင်စပြီး ပြတ်သား

ငါအရင် စလို့ ဘယ်လိုမှ

မမုန်းနိုင်မမေ့နိုင်

လို့ပါ နင် စလို့ လမ်းခွဲသွား

เพิ่มเติมจาก Mi Sandi

ดูทั้งหมดlogo