menu-iconlogo
huatong
huatong
avatar

အသည်းလေးငှားစမ်းပါ

Myint Zu Thinhuatong
pjsangel46huatong
เนื้อเพลง
บันทึก
သီချင်း - အသည်းလေးငှားစမ်းပါ

တေးဆို - မဥ္ဇူသင်း

မောင် ရေ

ချစ်တာတွေ များ

လှစ်ကာ ခြွေကြား

ပြောရ ရင်ကွယ်

ဆုံးနိုင်မယ် မထင်ပါဘူးရှင့်

အသည်းကလေးတစ်ခုသာ ရှိတာကို

ကျွန်မမှာလေ မကျေနပ်လွန်းလို့

အသည်းများ ငှားပြီး

တစ်ဝကြီး ချစ်မယ့်သူ

ကျွန်မထက် ချစ်တတ်တဲ့သူ

ဪ ကျွန်မထက် ချစ်နိုင်မယ့်သူ

ဟောဒီ ဇမ္ဗူ မှာ ရှိဘူးရှင်ရဲ့

တကယ့်ကို ချစ်ဇွဲကြီးမား

မြစ်ပဲ ဆီးတား ကျော်ဖြတ်ရဲသူ

ဆိုးလည်းအတူ ကောင်းလည်းအတူ

မပြောင်း မလဲ

အချစ်စခန်းမှာ တစ်ဂဏန်းနေရာယူ

အသည်းများ ငှားမယ့်သူ

ရှိပါရင် လက်တို့ပြောဖို့

ကြော်ငြာ လိုက်ချင်သူ

အသွေးယူ အသားယူ

အချစ်အတွက်ဆိုရင်

အသက်ကိုစွန့်ဝံ့သူ

တော်လေးဝရဲ့ စံနမူ

ကျွန်မက အတုတွေယူ

ဖဝါးခြေရာ ထပ်စေကွယ်

သွားလေရာလိုက်မယ် အတူ

မြင်းမိုရ်ဆို သေးငယ်မယ်

သမုဒ္ဒရာဆို စမ်းအိုင်သဖွယ်

ရာစုနှစ်တွေ တိုင်းမှာ

အချစ် ပေတိုင်းရင်

အမြင့်ဆုံးဖြစ်မှာ သေချာသူ

အသည်းများ ငှားမယ့်သူ

ရှိပါရင် လက်တို့ပြောဖို့

ကြော်ငြာ လိုက်ချင်သူ

ချစ်တာတွေ အနန္တမို့

အသည်းကဋေရှိတောင်

မလုံလောက်နိုင်ဘူး

အသည်းများ ငှားချင်သူ

ကျွန်မထက် ချစ်တတ်တဲ့သူ

ဪ ကျွန်မထက် ချစ်နိုင်မယ့်သူ

ဟောဒီ ဇမ္ဗူမှာ ရှိဘူးရှင်ရဲ့

တကယ့်ကို ချစ်ဇွဲကြီးမား

မြစ်ပဲ ဆီးတား ကျော်ဖြတ်ရဲသူ

ဆိုးလည်းအတူ ကောင်းလည်းအတူ

မပြောင်း မလဲ

အချစ်စခန်းမှာ တစ်ဂဏန်းနေရာယူ

အသည်းများ ငှားမယ့်သူ

ရှိပါရင် လက်တို့ပြောဖို့

ကြော်ငြာ လိုက်ချင်သူ

အသွေးယူ အသားယူ

အချစ်အတွက်ဆိုရင်

အသက်ကိုစွန့်ဝံ့သူ

တော်လေးဝရဲ့ စံနမူ

ကျွန်မက အတုတွေယူ

ဖဝါးခြေရာ ထပ်စေကွယ်

သွားလေရာလိုက်မယ် အတူ

မြင်းမိုရ်ဆို သေးငယ်မယ်

သမုဒ္ဒရာဆို စမ်းအိုင်သဖွယ်

ရာစုနှစ်တွေ တိုင်းမှာ

အချစ် ပေတိုင်းရင်

အမြင့်ဆုံးဖြစ်မှာ သေချာသူ

အသည်းများ ငှားမယ့်သူ

ရှိပါရင် လက်တို့ပြောဖို့

ကြော်ငြာ လိုက်ချင်သူ

ချစ်တာတွေ အနန္တမို့

အသည်းကဋေရှိတောင်

မလုံလောက်နိုင်ဘူး

အသည်းများ ငှားချင်သူ

เพิ่มเติมจาก Myint Zu Thin

ดูทั้งหมดlogo