သန်းခေါင်ယံညရဲ့ ညည့်နက်ထဲ
ငါလေတစ်ယောက်တည်း လွမ်းလို့ဆွေး
ဒီလိုမိုးတွေ ရွာချိန်တိုင်း
အချိန်တိုင်းပဲ
အိမ်ပြန်ရောက်ဖို့ ကြိုးစားဆဲပါ
အရှည်ကြာဆုံး နေ့ရက်တွေဝေး
အိမ်ကိုလွမ်းနေချိန်တွေရယ် အိုနေ့တိုင်းပဲ
သံသရာအဆုံးတိုင် ငါပေးဆပ်ချင်တယ်
နောင်တရဲ့ အသိတွေထဲ
အချိန်တွေများကို ရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
သေရာပါမဲ့ မကျေနပ်ခြင်းတွေနဲ့
ဘာဟာဘဝတစ်ခုလဲ ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေ ကွယ်ပျောက်သွားချိန်မှာ
အိပ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲ ငါလွမ်းတယ်
ကမ္ဘာမြေအဆုံးထိ ဖြတ်လျှောက်ဆဲပါ
ဒီလိုမိုင်ပေါင်းများစွာဝေး
နေဝင်ညတွေ အနိုင်ယူတိုင်း ကျော်ဖြတ်ရင်း
ရာသီဟောင်းလို့ ပြောင်းသွားတိုင်းမှာ
ခြေရာဖျောက်တဲ့ လမ်းတွေဝေး
အမှောင်ရဲ့အဆုံးမှာ မြင်နေတယ်
ဒါအမှန်တရားပဲ
သံသရာအဆုံးတိုင် ငါပေးဆပ်ချင်တယ်
နောင်တရဲ့ အသိတွေထဲ
အချိန်တွေများကို ရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
သေရာပါမဲ့ မကျေနပ်ခြင်းတွေနဲ့
ဘာဟာဘဝတစ်ခုလဲ ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေ ကွယ်ပျောက်သွားချိန်မှာ
အိပ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲ ငါလွမ်းတယ်
သံသရာအဆုံးတိုင် ငါပေးဆပ်ချင်တယ်
နောင်တရဲ့ အသိတွေထဲ
အချိန်တွေများကို ရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
သေရာပါမဲ့ မကျေနပ်ခြင်းတွေနဲ့
ဘာဟာဘဝတစ်ခုလဲ ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေ ကွယ်ပျောက်သွားချိန်မှာ
အိပ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲ ငါလွမ်းတယ်
သေရာပါမဲ့ မကျေနပ်ခြင်းတွေနဲ့
ဘာဟာဘဝတစ်ခုလဲ ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေ ကွယ်ပျောက်သွားချိန်မှာ
အိပ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲ ငါလွမ်းတယ်