menu-iconlogo
huatong
huatong
เนื้อเพลง
บันทึก
ရွှေပြည်တန်

MyanmarMusicMaestro

U_Soe

.....

နေခြည်လျှံမြအသွေးလို

ရွှေပြည်တန်အလှကလေးကို

မြင်တဲ့နေ့ကစ၍ စွဲနေပြီခင်

နေခြည်လျှံမြအသွေးလို

ရွှေပြည်တန်အလှကလေးကို

မြင်တဲ့နေ့ကစ၍ စွဲနေပြီခင်

ညအိပ်ယာဝင်ရင် ခင်နဲ့မောင်နဲ့

ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ်

ညအိပ်ယာဝင်ရင် ခင်နဲ့ကိုကိုနဲ့

ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ်

စွဲလန်းတဲ့သံယောဇဉ် သနားပါအပျိုစင်လ

မောင့်ကိုချစ်ရင် ရွှေပြည်တန်

အလှကလေးကို မောင်တောင်းပန်ချင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

နှစ်ယောက်တည်းတွေ့ရင်

ရွှေပြည်တန်မကလေးကို

ချစ်တင်းနှောကာ သဘောကျစေချင်

ရွှေပါးအပ်မယ်ခင်

နေခြည်လျှံမြအသွေးလို

ရွှေပြည်တန်အလှကလေးကို

မြင်တဲ့နေ့ကစ၍ စွဲနေပြီခင်

နေခြည်လျှံမြအသွေးလို

ရွှေပြည်တန်အလှကလေးကို

မြင်တဲ့နေ့ကစ၍ စွဲနေပြီခင်

ညအိပ်ယာဝင်ရင် ခင်နဲ့မောင်နဲ့

ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ်

ညအိပ်ယာဝင်ရင် ခင်နဲ့ကိုကိုနဲ့

ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ်

စွဲလန်းတဲ့သံယောဇဉ် သနားပါအပျိုစင်လ

မောင့်ကိုချစ်ရင် ရွှေပြည်တန်

အလှကလေးကို မောင်တောင်းပန်ချင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

နှစ်ယောက်တည်းတွေ့ရင်

ရွှေပြည်တန်မကလေးကို

ချစ်တင်းနှောကာ သဘောကျစေချင်

ရွှေပါးအပ်မယ်ခင်

ဒေဝတိန်နတ်မှူးက ဓာတ်ကူးသလိုပင်

အလှဧကရီ ဆိုလောက်တဲ့ခင်

ဒေဝတိန်နတ်မှူးက ဓာတ်ကူးသလိုပင်

အလှဧကရီ ဆိုလောက်တဲ့ခင်

ကြယ်ဥက္ကာညဥ့်ရောင်မီးလို

ခင့်မောင်ကြီးထင်

ကြယ်ဥက္ကာညဥ့်ရောင်မီးလို

ခင့်မောင်ကြီးထင်

မြင့်ဆောင်ထီးညောင်အလယ်တွင်

ရှုစဖွယ် ပဝင်းလို့ လမင်းလိုပင်..ထင်

မျက်နှာတော်ကြည်ပြုံးလို့ရွှင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင်

မောင်ခင့်အပေါ်မှာ အချစ်စိတ်တွေဝင်

နှစ်ယောက်တည်းတွေ့ရင်

ရွှေပြည်တန်မကလေးကို

ချစ်တင်းနှောကာ သဘောကျစေချင်

ရွှေပါးအပ်မယ်ခင်

.....

ကျေးဇူးတင်ပါတယ်

เพิ่มเติมจาก သိန်းဇော် မန္တလေး

ดูทั้งหมดlogo