menu-iconlogo
huatong
huatong
sone-phyo--cover-image

အသက်ရှိသ၍

Sone Phyohuatong
goubears7huatong
เนื้อเพลง
บันทึก
သီချင်း - အသက်ရှိသ၍

တေးဆို - စုံဖြိုး

TV ​ပေါ်မှာ

​ဆေး​ကြော်ငြာ​လေး​တွေ​

တွေ့တဲ့အခါ မှာ

ခဏခဏဖျားတတ်တဲ့မင်းကို

ငါသတိရ​မိတာ

ငါဒီ​လောက်ထိချစ်ခဲ့တာ

​ရေဒီယိုမှာ

ကားလမ်းပိတ်တဲ့အ​ကြောင်းများ

ကြားတဲ့အခါ မှာ

ခဏခဏ​နောက်ကျတတ်တဲ့မင်းကို

ငါသတိရလာ

ငါဒီ​လောက်ထိလွမ်းခဲ့တာ

ငါ့ကိုယ်ငါထက် မင်းကို

ပိုယုံကြည်ထားခဲ့တယ်

ငါ့ကိုယ်ငါထက် မင်းကို

ပိုတန်ဖိုးထားတယ်

ငါ့ကိုယ်ငါထက်မင်းကို

ဂရုစိုက်ခဲ့မိတယ်

နင်ဒါ​တောင်မုန်းရက်တယ်

သူလည်း သူ့လမ်းသူ​လျှောက်မယ်

ကိုယ်လည်း

ကိုယ့်လမ်းကိုယ်​လျှောက်တယ်

မဆုံနိုင်ဖြစ်​တော့​ပေမဲ့လည်းဟယ်

အသက်ရှိသ၍ ချစ်​နေဦးမယ်

သူလည်း သူ့လမ်းသူ​လျှောက်ကွယ်

ကိုယ်လည်း

ကိုယ့်လမ်းကိုယ်​လျှောက်မယ်

မဆုံနိုင်ဖြစ်​တော့​ပေမဲ့လည်းဟယ်

ငါအသက်ရှိသ၍ ချစ်​နေမယ်

​ပျော်ခဲ့ဖူးတဲ့

မင်းအပြုံး​လေး​တွေ

ဆင်တူဝတ်ခဲ့ဖူးတဲ့

လက်စွပ်​လေးဟေ

တယ်လီဖုန်း​လေးထဲက

မင်းရဲ့စကားသံ​တွေ

ဒီရင်ဘက်ထဲမှာပဲ

ငါသိမ်းထားပါ့မယ်

မင်း​ပြော​တော့

ငါ့ကို ချစ်တယ်ဆို

ငါတစ်​ယောက်တည်း

ချစ်လို့သွားမှာပါဆို

ငါတို့ဘယ်​တော့မှ

မ​ဝေး​စေရဘူးလို့နင်

ဘာ့​ကြောင့်​ပြောခဲ့တာတုန်း

အ​ကြောင်းအမျိုးမျိုး​ကြောင့်

ငါတို့​ဝေးသွားခဲ့ရင်

အ​ကြောင်းအမျိုးမျိုး​ကြောင့်

နင်​ဘေးနားမရှိ​တော့ရင်

အ​ကြောင်းအမျိုးမျိုး​ကြောင့်

ပြန်​တွေ့ခွင့်မရ​တော့ရင်လို့

ငါစိုးရိမ်ခဲ့မိတယ်

ဒီဘဝမဟုတ်​တော့ ​

နောင်ဘဝချစ်ခွင့်ရပါ​စေ

ပျံသန်းသွားတဲ့ ငှက်က​လေး

လွတ်လပ်ပါ​စေ

​နောင်ဘဝမင်းနဲ့ပြန်​တွေ့ရင်

ချစ်ခွင့်ရပါ​စေ

ကိုယ့်အချစ် စစ်မှန်ခဲ့ရင်

သူလည်း သူ့လမ်းသူ​လျှောက်မယ်

ကိုယ်လည်း

ကိုယ့်လမ်းကိုယ်​လျှောက်တယ်

မဆုံနိုင်ဖြစ်​တော့​ပေမဲ့လည်းဟယ်

အသက်ရှိသ၍ ချစ်​နေဦးမယ်

သူလည်းသူ့လမ်းသူ​လျှောက်ကွယ်

ကိုယ်လည်း

ကိုယ့်လမ်းကိုယ်​လျှောက်မယ်

မဆုံနိုင်ဖြစ်​တော့​ပေမဲ့လည်းဟယ်

အသက်ရှိသ၍ချစ်​နေမယ်

ချစ်သူရယ်

เพิ่มเติมจาก Sone Phyo

ดูทั้งหมดlogo