menu-iconlogo
huatong
huatong
sone-phyo-friends-cover-image

F.R.I.E.N.D.S

Sone Phyohuatong
patti1peterson1huatong
เนื้อเพลง
บันทึก
သီချင်း - F.R.I.E.N.D.S

တေးဆို - Sone Phyo and S-Logic

အတူတူကျောင်းပြေးခဲ့ဖူးပါတယ်

အတူတူစားခဲ့ အတူတူသွားခဲ့တယ်

အတူတူဝိုင်း ချော့ခဲ့ဖူးပါတယ်

အတူတူ တခေါက်လောက်တော့ပြန်တွေ့ကြမယ်

သူငယ်ချင်းဆိုတာကောင်းကင်က

ကြယ်ကလေးတွေလို

အမြဲတမ်းတော့ ဘယ်တွေ့နိုင်ပါ့မလဲ

ကိုယ် စ ခေါ်မှနွေးတဲ့ ခင်မင်မှုမျိုး

မလိုချင်ဘူး မလိုချင်ဘူး

ဟိုကလေးဘဝကလောက်တော့

မဖြူစင်တော့ဘူး

စိတ်ညစ်သမျှတွေမေ့သွားတယ်

တွေ့ဖြစ်ကြတဲ့ခဏလေးထဲ

ရည်းစားရရင်သာ လျှော်မသွားနဲ့

အသက်ကြီးသွားတဲ့ထိချစ်သွားကြမယ်

စိတ်ညစ်တဲ့ခါရင်ဖွင့်မယ်

တယောက်ရဲ့စိတ်တယောက်အသိဆုံးပဲ

မတွေ့ဖြစ်တဲ့ခါမေ့မသွားနဲ့

ဟိုအဝေးကြီးဝေးသွားလည်း

ငါတို့ကသူငယ်ချင်းပဲ

ထီးတချောင်းကို

သုံးလေးယောက် ဝိုင်းဆောင်းဖူးတယ်

မုန့်တထုပ်ကို လုစားခဲ့တာ ငတ်လို့မဟုတ်ဘဲ

အတန်းထဲမှာစာမေးတဲ့ခါဝိုင်းပြောပြတာ

သူငယ်ချင်းတွေမို့ သူငယ်ချင်းတွေကိုး

မကြာခင် အသက်တွေကြီးလာတော့မယ်

Single ဘဝနဲ့အရိုးထုတ်နေတုန်းပဲ

တချို့ကလည်း သားသားမီးမီးလေးတွေနဲ့

ဖုန်းတောင်မကိုင် မဟားတယား busy နေတယ်

မင်းတို့က ငါ့ရဲ့ ဒုတိယမိသားစု

ငါတို့တွေ ဘွဲ့တူတူယူဖို့တော့မမှီသွားဘူး

အဆင့်အတန်းတွေမရှိ ငါတို့က တလွှာတည်းကွာ

တခုခုဆို မင်းတို့ပဲရှိတယ်

ဒီကမ္ဘာထဲမှာ...

အတူတူကျောင်းပြေးခဲ့ဖူးပါတယ်

အတူတူစားခဲ့ အတူတူသွားခဲ့တယ်

အတူတူဝိုင်း ချော့ခဲ့ဖူးပါတယ်

အတူတူ တခေါက်လောက်တော့ပြန်တွေ့ကြမယ်

အတူတူဟားခဲ့ ငိုခဲ့ဘူးတယ်

မတွေ့ဖြစ်တဲ့ခါမေ့မသွားနဲ့

ဟိုအဝေးကြီးဝေးသွားလည်း

ငါတို့ကသူငယ်ချင်းပဲ

เพิ่มเติมจาก Sone Phyo

ดูทั้งหมดlogo

อาจถูกใจคุณ