menu-iconlogo
huatong
huatong
avatar

Lost In Universe

Team 143huatong
onlinepublicisthuatong
เนื้อเพลง
บันทึก
တောင့်တတိုင်း အမြဲရောက်လာတာမျိုး

မင်းအပြုံးလေးတွေ့ဖို့

မိုင်ထောင်ချီ ငါဟာခရီးနှင်လို့

ဒီကမ္ဘာကကျဉ်းကျဉ်းလေးပါတဲ့

အာကာသထဲအခုထိလိုက်ရှာဆဲ

တစ်ယောက်တည်း

မင်းရှိခဲ့တဲ့အတိတ်ဆီပြန်သွား

မှားယွင်းခဲ့ကြတဲ့

အချိန်တွေကို ငါဟာပြုပြင်မရ

ကြယ်စင်တွေလည်း လမ်းပြပေးပါကွယ်

Galaxyထဲအချစ်ပျောက်လိုက်ရှာခဲ့

အမှောင်ထဲ

သူအရင်ဆုံးပြောလာတဲ့စကားလေးကbreakမယ်

တို့နှစ်ယောက်လိုတာကိုယ်ပိုင်spaceတဲ့

သူပြောတဲ့spaceကအာကာသထဲ

ကိုယ်မင်းကိုတွေ့အောင်ဘယ်လိုပြန်လာရှာမလဲ

ကမ္ဘာ့အပြင်ကိုထွက်လို့သွားခဲ့တဲ့ sci-fi

Connection အမြဲကျနေတဲ့ wifi

ဘယ်လိုမှညှိလို့မရတဲ့

တို့နှစ်ယောက်ရဲ့ timeline မှာ

လက်သည်းအမဲနဲ့ကောင်လေးက

မင်းအတွက်တော့အရိုင်းအစိုင်း

Rick & morty ကိုမေးမယ်

ကျွန်တော့်ရဲ့ကောင်မလေးက ဘယ်ကမ္ဘာကိုပြေးလဲ

မင်းနဲ့အလင်းနှစ် မိုင်ထောင်ချီဝေးလည်း

ကျွန်တော် space x နဲ့

အာကသထဲသွားဖို့တော့

တိုင်ပင်သေးတယ်

ဘာကြောင့် မျှော်လင့်ချက်တွေလာပြီးတော့ပေးလဲ

ဘာအတွက်စိတ်နှစ်ပြီး ချစ်ခဲ့ကြသေးလဲ

တကယ်လို့ဝေးမှာမှန်းသိရင်

မင်းက play မှာမှန်းသိရင်

ဘာမှခံစားချက်တွေ လာပြီးတော့မပေးနဲ့

တောင့်တတိုင်း အမြဲရောက်လာတာမျိုး

မင်းအပြုံးလေးတွေ့ဖို့

မိုင်ထောင်ချီ ငါဟာခရီးနှင်လို့

ဒီကမ္ဘာကကျဉ်းကျဉ်းလေးပါတဲ့

အာကာသထဲအခုထိလိုက်ရှာဆဲ

တစ်ယောက်တည်း oh yeah yeah yeah

မင်းရှိခဲ့တဲ့အတိတ်ဆီပြန်သွား

မှားယွင်းခဲ့ကြတဲ့

အချိန်တွေကို ငါဟာပြုပြင်မရ

ကြယ်စင်တွေလည်း လမ်းပြပေးပါကွယ်

Galaxyထဲအချစ်ပျောက်လိုက်ရှာခဲ့

အမှောင်ထဲ

နာကျင်နေမှန်းသိလည်းမင်းအချစ်ကိုဆာလောင်တယ်

မခွဲဘူးလို့ ကတိတွေပေးပြီး အာချောင်ခဲ့တာ

ဘာကြောင့်လဲ

ထွက်သွားတဲ့ မင်းအကြောင်း အမြဲတမ်းစုံစမ်းနေတာ

အခါတစ်ထောင်မနည်း

သံယောဇဉ်ကြိုးမျှင်ကို လိုက်ရှာနေဆဲ

ငါတစ်ယောက်တည်း

နဂါးငွေ့တန်းဖြတ်လို့ အလင်းနှစ်တွေများစွာ

မင်းကိုချစ်ခဲ့မိတာ ငါ့အတွက် အပြစ်ဖြစ်နေသလားကွာ

ရှေးလူတွေပြောခဲ့ဖူးသလိုမျိုး

အချစ်မှာမတရားတာမရှိရင်

ကြယ်တာရာတိုက်ပွဲထဲကလို

စစ်ဖြစ်နေရမှာ

Black hole ဖြတ်ပြီး dimensionတွေကူးဖြတ်လို့ရရင်

အတိတ်ကမှားခဲ့တဲ့အမှားတွေကိုပြင်ဆင်ခွင့်တို့ငါရရင်

ထပ်ပြီးဆုံချင်ခဲ့ အနမ်းလေးတွေ ပေးဖူးတဲ့ပါးပြင်

အခွင့်အရေးတစ်ခုသာရရင် ထွက်မပြေးဖို့ဖက်ထားချင်

ဒီ space opera ထဲမှာဆို မင်းကမင်းသမီး

သေဆုံးသွားတဲ့ နေတစ်စင်းလို လုံးဝအလင်းမရှိတဲ့

ငါ့ဘဝအထီးကျန်ဆန်လို့ အလင်းတွေပေးမယ့်

အချစ်ဆုံးမင်းဆီ

Timeline တွေကူးလိုရှာခဲ့ လေဟာနယ်ကိုခွင်းပြီး

တောင့်တတိုင်း အမြဲရောက်လာတာမျိုး

မင်းအပြုံးလေးတွေ့ဖို့

မိုင်ထောင်ချီ ငါဟာခရီးနှင်လို့

ဒီကမ္ဘာကကျဉ်းကျဉ်းလေးပါတဲ့

အာကာသထဲအခုထိလိုက်ရှာဆဲ

ငါလည်း oh yeah yeah yeah

မင်းရှိခဲ့တဲ့အတိတ်ဆီပြန်သွား

မှားယွင်းခဲ့ကြတဲ့

အချိန်တွေကို ငါဟာပြုပြင်မရ

ကြယ်စင်တွေလည်း လမ်းပြပေးပါကွယ်

Galaxyထဲအချစ်ပျောက်လိုက်ရှာခဲ့

အမှောင်ထဲ

ငါသိချင်မိ

အရင်အချိန်တွေပြန်လွမ်းရင်း

(အရင်အချိန်တွေပြန်လွမ်းရင်း)

နင့်အကြောင်းတွေကိုငါသဲ့သဲ့ကြားတယ်

ငါရှာဖွေသော်လည်းမရှိ

(ငါရှာဖွေသော်လည်းမရှိ)

အလင်းနှစ် ပေါင်းများစွာပေါ့

ငါရှာဖွေနေဆဲမော

ပေါင်းစပ်ဖို့ မဖြစ်နိုင်သော

အချိန်တွေကိုစောင့်ရင်းငါ

မျှော်နေမယ်

တောင့်တတိုင်း အမြဲရောက်လာတာမျိုး

မင်းအပြုံးလေးတွေ့ဖို့

မိုင်ထောင်ချီ ငါဟာခရီးနှင်လို့

ဒီကမ္ဘာကကျဉ်းကျဉ်းလေးပါတဲ့

အာကာသထဲအခုထိလိုက်ရှာဆဲ

တစ်ယောက်တည်း oh yeah yeah yeah

မင်းရှိခဲ့တဲ့အတိတ်ဆီပြန်သွား

မှားယွင်းခဲ့ကြတဲ့

အချိန်တွေကို ငါဟာပြုပြင်မရ

ကြယ်စင်တွေလည်း လမ်းပြပေးပါကွယ်

Galaxyထဲအချစ်ပျောက်လိုက်ရှာခဲ့

အမှောင်ထဲ

เพิ่มเติมจาก Team 143

ดูทั้งหมดlogo
Lost In Universe โดย Team 143 – เนื้อเพลง & คัฟเวอร์