သီချင်း း Home Sweet Home
တေးဆို း The Zero
အလုပ်ပြီးအိမ်ပြန်တဲ့အချိန်ဘယ်သူမှမရှိဘူး
ဆီဆားမပါဒီထမင်းနဲ့ဒီဟင်းအေးများ
ဆန္ဒတွေအိုဘဝနဲ့တစ်ထပ်တည်းမကျဘူး
အနာဂါတ်ကိုစိတ်ကူးယဉ်ကြိုမတွေးရဲဘူး
စိတ်ပျက်လို့မနေနဲ့အချိန်ခဏတော့စောင့်ပါအုံး
နောက်တနေ့နေရောင်ခြည်အောက်မှာ
တို့မိသားစုရဲ့အိမ်ကလေးနွေးထွေးမှုတွေနဲ့ပြန်ပြီးတော့
အရောင်စုံသွားမှာပါအချိန်ခဏတော့စောင့်ပါကွာ
ငါ့ကလေးတွေငါ့အကြောင်းကိုတောင်သိပါ့မလား
မမြင်ဘူးတဲ့လူတယောက်လိုမျိုးစိမ်းနေမလား
အရင်ဘဝကဆုတောင်းတွေများနည်းခဲ့သလား
ဒီဝဋ်ကြွေးကျေပါတော့ငါအိမ်ပြန်ရောက်ချင်ပြီ
စိတ်ပျက်လို့မနေနဲ့အချိန်ခဏတော့စောင့်ပါအုံး
နောက်တနေ့နေရောင်ခြည်အောက်မှာ
တို့မိသားစုရဲ့အိမ်ကလေးနွေးထွေးမှုတွေနဲ့ပြန်ပြီးတော့
အရောင်စုံသွားမှာပါအချိန်ခဏတော့စောင့်ပါကွာ
အိုခဏလေးပါပြန်ရမှာမလိုတော့ပါ