menu-iconlogo
huatong
huatong
y-zet--cover-image

ဒါဏ်ရာမိုး

Y Zethuatong
เนื้อเพลง
บันทึก
သီချင်း း ဒဏ်ရာ မိုး

တေးဆို း Y Zet, Wine Lay

မိုးစက်တွေတစ်ပေါက်ပြီးတစ်ပေါက်ကျလာ မိုးသားတွေ မည်းညိုကာ

အငြိုးအတေးတွေလား ရက်စက်မယ့်မျက်နှာတွေစိုးရွံစရာ

မိုးချိန်းသံတဒိန်းဒိန်းနဲ့ကြား ငါ့ရင်ကိုတိုက်ခိုက်တော့မယ့်အလား

အိုမျက်ရည်ကမငိုဘဲ စို့တက်လာ ငါ ထိန်းချုပ်ထားတဲ့ကြား

မိုး .....

ငိုချင်တဲ့စိတ်တစ်ခုက တစ်ချက်ချက် ထဖောက်နေတာ ဒီလူကို အရူးလုပ်နေလား

မိုး .....

ဟိုအရင်ကအတိတ်တို့ကို ပြန်လည်တူးဆွဖို့ဆို မရွာပါနဲ့ သွားလိုက်ပါမိုး ...

မင်းထားမှာပဲထားကာသွားပါ ဘာမှလဲရစရာငါ့မှာမရှိနိုင်တော့တဲ့ဘဝမှာ

မင်းပစ်ချခဲ့လိုက်တော့အကျနာ ခဏတာ ခိုနားကာ

သူလုံခြုံအေးချမ်းသွားရှာလဲ ပေါက္ခရဝဿစကားများ မလိုချင်တော့ထွက်ခွာအနားက

ခုလို ပိန်းပိတ်အောင်မှောင်တဲ့ည မိုတွေ ချိန်းချိန်းကာ မှောင်မဲလာ

တစ်ယောက်ထဲငါ လျှောက်ဆဲပါ နားထဲမှာအထပ်ထပ်ကြားယောင်နေဆဲ

မင်းပြောခဲ့တဲ့စောက်တလွဲများ အခုချိန်းနေတာမိုးမဟုတ်ဘူး ငါတို့အမုန်းတွေ

ကောင်းကင်ပေါ်တက် တဖြတ်ဖြတ်လက်ပြီးတော့ပေါက်ကွဲတာ

ငါမေးမယ်မင်းရောငါမပါဘဲ ဘဝရဲ့လမ်းတွေပေါ်လျှောက်ရဲလား

တချိန်ချိန်မှာခြေချော်ပြီးချောက်ထဲကျ ကမ်းလင့်မယ့်လက်ငါ တစ်ယောက်ထဲဟ

ဒါကြောင့်ပဲမလွှတ်တမ်းကောက်ဆွဲထားလဲပဲ

အတ္တတွေ ဖုံးလွှမ်းပြီးမှောင်မဲသွားတော့

ခုလိုမိုးတွေရွာချိန်တိုင်းမှာ ငိုနေလိုက်ကြစို့ ချောင်ထဲမှာ

တကယ်တမ်းကျတော့ဘဝဆိုတာမွေးကတည်းကတစ်ယောက်ထဲလာခဲ့တာ

အသက်ရှင်ရပ်တည်ဖို့ကြိုးစားပြီးမှ ဘဝလက်တွဲဖော်ကိုရှာတဲ့အခါ

အမုန်းတွေ အငြိုးတွေ အာဃာတတွေ ဆိုတာပြန်တွေးတိုင်းတဆစ်ဆစ် နာတဲ့အနာ

မိုးတွေရွာတိုင်းတစ်ယောက်ယောက်ကို မလွမ်းဘူး မင်းရော ညာရဲလား

မိုး .....

ငိုချင်တဲ့စိတ်တစ်ခုက တစ်ချက်ချက် ထဖောက်နေတာ ဒီလူကို အရူးလုပ်နေလား

မိုး .....

ဟိုအရင်ကအတိတ်တို့ကို ပြန်လည်တူးဆွဖို့ဆို မရွာပါနဲ့ သွားလိုက်ပါမိုး ...

မင်းပြောသမျှငါမကြိုက်နိုင် ငါပြောသမျှမင်းမကြိုက်နိုင်

သဘောထားချင်းမတိုက်ဆိုက်တော့ဒေါသချင်းလိုက်ပြိုင်

သူ့ဘက်ကနည်းနည်းပိုလာလို့ ကိုယ့်ဘက်ကလျှော့ဖို့လိုတာမျိုး

အဲလိုနဲ့ပဲ ... အင်း ... ကွဲသွားကြတယ်ပဲဆိုပါစို့

သူဘက်ကလဲပြီးတယ်ဆိုမှတော့ကိုယ့်ဘက်ကလဲ ပြီးတယ်

ကိုယ့်ဘက်ကမှားတာလဲရှိမယ် သူ့ဘက်ကမှားတာလဲရှိခဲ့

ခုချိန်မှပြန်တွေးကြည့်လဲ ရှုပ်ရှက်ခတ်နေတာချည်းပဲ အတိတ်တွေလာလာပြီးငြိတွယ်

ပစ္စုပ္ပန်တွေပါချိနဲ့ အခုဆိုအိမ်ခေါင်မိုးပေါ်မှာမိုးရေစက်တွေဆက်တိုက်ကိုပဲစီးဆဲ

မိုးရေတစက်ကဘဝနှစ်ခုကိုလဲခွဲခွာသွားတာတိခနဲ

အတိတ်ဆိုသည်မှာက မိုးရွာချိန်တိုင်းမှာ ထထ လောင်တတ်တဲ့မီးခဲ

အဲဒီမီးခဲကမီးစွဲတိုင်းအကြီးအကျယ်လာထိတယ်

ရင်ဘတ်ကိုထိခိုက်မညှာတာတဲ့ဓါး နှုတ်ခမ်းတွေပြောစရာဘာသာမဲ့သွား

အေးချမ်းခြင်းတွေပါလာမယ့်အစား ပူလောင်မှူတွေနဲ့မလာပါနဲ့လား

ဟိုအရင်က အတိတ်တို့ကို ပြန်လည်တူးဆွ ဖို့ဆို ( မိုးရေ ) မရွာပါနဲ့သွား

မိုး .....

ငိုချင်တဲ့စိတ်တစ်ခုက တစ်ချက်ချက် ထဖောက်နေတာ ဒီလူကို အရူးလုပ်နေလား

မိုး .....

ဟိုအရင်ကအတိတ်တို့ကို ပြန်လည်တူးဆွဖို့ဆို မရွာပါနဲ့ သွားလိုက်ပါမိုး ...

เพิ่มเติมจาก Y Zet

ดูทั้งหมดlogo