menu-iconlogo
huatong
huatong
avatar

ဘရိတ်မပါတဲ့ကား

Yadanar Myhuatong
smallsae80huatong
เนื้อเพลง
บันทึก
သီချင်း - ဘရိတ်မပါတဲ့ကား

တေးဆို - ရတနာမိုင်

ကိုယ့်နှလုံးသားလေးဟာ ဘရိတ်မရှိတဲ့ကား

အချစ်များနဲ့ မောင်းနှင်လာပြီဟေ့

ကိုယ့်အသည်းနှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကားလို

မင်းဆီပဲ တစ်လမ်းထဲမောင်းနှင်မယ်

ကိုယ်ရဲ့ကားလေးကို မောင်းနှင်လာတုန်းပေါ့

မင်းကိုမြင်တွေ့လိုက်ချိန်မှာတော့

ခြေလက်တွေ အားလုံးလည်း သတိလွတ်ထိန်းချုပ်မဲ့

မီးနီဖြတ်ကာ မောင်းနှင်မိတာပေါ့

အဲဒီကစကာ

ကိုယ်ရောဂါ ဝင်ခဲ့ရ

ရူးမှာတောင် စိုးရတာယုံပါနော်

ကိုယ်မင်းကိုချစ်တဲ့အချစ်

ဘရိတ်မရှိတဲ့ အဖြစ်

လာခဲ့ပြီမင်းဆီ အမြန်ဆုံးအချစ်တွေနဲ့

ကိုယ့်နှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကား

အချစ်များနဲ့ မောင်းနှင်လာပြီဟေ့

ကိုယ့်အသည်းနှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကားလို

မင်းဆီပဲ တစ်လမ်းထဲမောင်းနှင်မယ်

ဘဝရဲ့ လမ်းပေါ်မှာ မင်းကိုမြင်တွေ့မှ

ဦးတည်ရာလမ်း ပန်းတိုင်တွေ ပီပြင်

ကဲလမ်းမကြီးရဲ့ပြင်မင်းဆီရောက်ခဲ့ရင်

မင်းရဲ့နားမှာ ဘယ်သူမှ မရှိစေချင်

အို မီးပွိုင့် မျဉ်းကျားမရှိ

ယဉ်ထိန်းတွေကလဲမသိ

အချစ်တွေ အမြန်ဆုံးမောင်းနှင်လာပြီလေ

ကိုယ်ပန်းတိုင်ရောက်တော့ကွယ်

အမောပြေသွားဖို့ရယ်

မင်းလေးဆီးကြိုမှာလား... ချစ်သူလေးရယ်

ကိုယ့်နှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကား

မရပ်မနားအချစ်တွေလာပြီကွယ်

ကိုယ့်အသည်းနှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကားလို

အချစ်တွေအပြည့်နဲ့တအားပဲ မောင်းလာမယ်

ကိုယ့်နှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကား

မရပ်မနားအချစ်တွေလာပြီကွယ်

ကိုယ့်အသည်းနှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကားလို

အချစ်တွေအပြည့်နဲ့တအားပဲ မောင်းလာမယ်

ကိုယ့်နှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကား

အချစ်များနဲ့ မောင်းနှင်လာပြီဟေ့

ကိုယ့်အသည်းနှလုံးသားလေးဟာ

ဘရိတ်မရှိတဲ့ကားလို

မင်းဆီပဲ တစ်လမ်းထဲမောင်းနှင်မယ်

ရေး... ရေး....ရေး...ရေး...ရေ့

ရေး....ရေး....ရေး.....ရေး..ရာ

ဒူးဒိပါ ဒူပါ ဒူပါ ဒူဒု ဒူူးပါ

ဒါ့ ဒီ ဒါ ဒိ ဒါ ဒါ

เพิ่มเติมจาก Yadanar My

ดูทั้งหมดlogo