menu-iconlogo
huatong
huatong
avatar

အရမ်းချစ်တယ်ဆို

Yaw Yazthuatong
rowangloaghuatong
เนื้อเพลง
บันทึก
သီချင်း - အရမ်းချစ်တယ်ဆို

တေးရေး/တေးဆို - ရော်ရွက်

နင်ညာနေတာငါသိတယ် ဒါပေမယ့်ငါချစ်တုန်းပဲ

Phone လေးလည်းမဆက်တာကြာ

Online လေးထဲမှာစကားလည်းမပြောဖြစ်တော့

မင်းမေ့နေပြီလား နောက်တစ်ယောက်တွေ့လို့လားဟာ

လွမ်းနေတာ ကျွန်တော့်ရဲ့ချစ်သူ ပျောက်လို့သွားတာကြာ

ဘုရားသွားကျောင်းတက်မယ်ဆို

မင်းပဲအရမ်းချစ်တယ်ဆို

အဓိပတိလမ်းလေးထက်မှာ

ငါရှာနေတာ အခုထိမတွေ့ပါတို့ ...

တို့ရဲ့နှစ်ပက်လည်ကို အပေါင်းအသင်းများ

ဖိတ်မယ်ဆို ပြောခဲ့တဲ့စကားတစ်ချို့ရယ်

ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို....

ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို

မင်းမျက်နှာညိုးမှာ မလိုအပ်မှာဆိုးတာ

ကိုယ့်သဘာဝ ငါ့အလွမ်းတွေတိုးလာတိုင်း

မထိန်းနိုင်မျက်ရည်မိုးရွာချ

မင်းစိတ်ကြိုက်ဆိုးပါကွာခွင့်လွှတ်ပြီးသား

ကိုယ့်ကမ္ဘာမှာ အချစ်ပြောက်လိုက်ရှာ

ကျွန်တော့်တွက်အရေးကြီးလို့ပါဗျာ

တစ်နေရာမှာနင်ရှိဖို့ ဒီနေရာကိုချန်ထားသလား

ဒို့နှစ်ယောက်အသက်ရှင်သရွေ့ကွဲ

ဟိုးအမြင့်ကိုပြန်သွားပါ ငါနေတာထရံကြားမှာဆို

မင်းကအုတ်နံရံကြားမှာ အလိမ်ညာတွေကြောင့်

ငါ့နှလုံးသားလေးအလုပ်ကြံခံရတာ

ငါ့မေတ္တာသက်ရှိထင်ရှားကိုမြေမြှပ်ပြီး

ရပ်ကြည့်ချင်သလား မင်းအသိုင်းဝိုင်း

မျက်စိဘဝင်မကျတာနဲ့အချစ်ကိုဖျက်စီးချင်သလား

အရင်ကငါ့နတ်သမီးနင်က အခုလိုသူစိမ်းဆန်သွားတာမျိုး

နင့်ဗိမ္မာန်နားမှာခိုနေတဲ့တိရစ္ဆာန်ကိုပိတ်ကန်ချတာမျိုး

ရုပ်ရှင်တွေလဲမကြည့်ချင်ဘူးမင်းမျက်နှာပဲမြင်ယောင်လို့

ချစ်သူသိစေခင်မောင်တိုးသီချင်းနားထောင်

မျက်ရည်မစင်အောင်ငို

နင်အမဲလိုက်နေကျသမင်တကောင်မို့သတ်ဖြတ်ပြီး

သမိုင်းတွေတွင်အောင်ဆိုး ငါ့ရှင်သန်ခြင်းကို

အဆုံးသတ်လိုက်ပြီမင်းပဲအသက်ဆက်ရှင်အောင်လို့

ဘုရားတက်ဆီမီးကပ်နင်မွေးနေ့လက်ဆောင်

မဖြည်ကြည့်ရပ်တဲ့နေ့က ပေးတဲ့ဂတိနဲ့

လက်တွေ့အညီသည့်အတွက်

ထားမသွားပါနဲ့လို့ပြောတဲ့စကားတွေအနားနားမှာဝဲ

အခုတော့မင်းကိုဘယ်ရင်ခွင်မှာသွားရှာရပါ့မလဲ

ဘုရားသွားကျောင်းတက်မယ်ဆို

မင်းပဲအရမ်းချစ်တယ်ဆို

အဓိပတိလမ်းလေးထက်မှာ

ငါရှာနေတာ အခုထိမတွေ့ပါတို့ ...

တို့ရဲ့နှစ်ပက်လည်ကို အပေါင်းအသင်းများ

ဖိတ်မယ်ဆို ပြောခဲ့တဲ့စကားတစ်ချို့ရယ်

ဆင်တူလက်စွပ်မောင်းကွင်းလေးဟာငို....

ရှာပုံတော်ဖွင့်တယ် ချစ်သူ ဘယ်ဆီမှာများလည်း

ရုပ်ရှင်ထဲလည်းမတွေ့ပါ ခုံတန်းလျားလေးတောင်မေးနေပြီလေ

မျော်နေတာမင်းပဲ ဒီဂစ်တာအိုလေးထဲမှာ

မင်းများပုန်းနေခဲ့ရင် ဒီသံဇဉ်တွေနဲ့ နင်ထွက်ခဲ့ပါတော့

မင်းပဲအရမ်းချစ်တယ်ဆို

သီချင်းလေးတပုဒ်ဖြစ်တယ်ဆို

အဓိပတိလမ်းလေးထက်မှာ ငါရှာနေတာအခုထိမတွေ့ပါတို့

တို့ရဲ့နှစ်ပက်လည်ကို မင်းလေးရောက်ဖို့မလာတုန်း

အပေါင်းသင်းများပြောသွားတယ်

မင်းရဲ့ချစ်သူလက်ထပ်သွားပြီလို့

เพิ่มเติมจาก Yaw Yazt

ดูทั้งหมดlogo