menu-iconlogo
huatong
huatong
avatar

မျက်လုံးဒေါက်ထောက်ကြည့်ဦးမယ် KaraokeVersion

ခင်ပိုးပန်းချီhuatong
L🅰️Y_S🅾️Ehuatong
Şarkı Sözleri
Kayıtlar
မျက်လုံးဒေါက်ထောက်ကြည့်ဦးမယ်

ခင်ပိုးပန်းချီ

အသက်ကို ပေးမတဲ့

မျက်နှာချိုသွေးတဲ့ မောင်ရယ်

ဒီကချစ်အောင် သူဆွယ်

လူကတော့ အလွန်လည်

ရွှန်းရွှန်းဝေအောင် စကားတွေကကြွယ်

အမွန်းအလွန်းတွေဆောင် ပျားရည်ချတယ်

တစ်သက်တာ အကြောင်းသိမို့

မူ မမှန်ပျက်လွယ်..

တစ်မျက်နှာ ပြောင်းကြည့်မလို့

သူ ကြံရက်တယ် ..

ပြုံးပြရင် ကျေရမလား

မကြိုက်တာ များနေပြီကွယ်

စောဒကနဲ့ သဘောမညှိနဲ့မောင်ရယ်

ဒေါသနဲ့ ပြော .. ပြောမိတော့မယ် ...

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ကွယ် ...

မောင်မောင်ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ် ..

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ကွယ် ...

မောင်မောင်ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ် ..

ရှင့်ကိုချစ်တာ မေတ္တာရဲ့

အသည်းအိမ် ကိုပါကွယ်

တစ်ဆင့်ပိုချစ်လာ သစ္စာမဲ့

စည်းစိမ် မလိုပါတယ် ..

မောင်အချစ် တစ်ဖက်ကူး ရင်ကွယ်

ညောင်မြစ် ဆက်မတူး ချင်တယ်

ရမ္မက်ဖုံးလို့

အချစ်သစ် ရှာချင်သေးသလားကွယ်

တစ်သက်ဆုံး

မျက်လုံး ဒေါက်ထောက်ကြည့်ဦးမယ်

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

ပူးပူးကပ်ကပ် နေချင်တယ် ...

သူတို့ဆိုးတော့ ဘယ်သူမသိတယ်

အူတိုမျိုးတော့ လူသိတယ်

သူ့ကျောပြင်ကို ထုထုပြီးတော့

မေးစမ်းချင်ပါတယ် ချစ်မှန်းသိလို့

အခွင့်ကောင်းယူ သလား ကွယ် ..

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

ပူးပူးကပ်ကပ် နေချင်တယ် ...

သူတို့ဆိုးတော့ လူမသိတယ်

အူတိုမျိုးတော့ လူသိတယ်

သူ့ကျောပြင်ကို ထုထုပြီးတော့

မေးစမ်းချင်ပါတယ် ချစ်မှန်းသိလို့

အခွင့်ကောင်းယူ သလား ကွယ် ..

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ ကွယ် ...

မောင်မောင် ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ် ..

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ ကွယ် ...

မောင်မောင် ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ် ..

ယောက်ျားဆိုတာ တည်တည်ကြည်ကြည်

ခန့်ညားရမယ်

သိက္ခာထားရမယ်

လူရိုသေအောင် နေရမယ်

ချစ်အလေ လိုက်ပါလို့

အပြစ်တွေ ဖြစ်မယ့်အစား

ဘဝအတွက်များ တိုးတက်အောင်

ကြံဆောင်ဖို့ကောင်းတယ်

မောင်အချစ် တစ်ဖက်ကူး ရင်ကွယ်

ညောင်မြစ် ဆက်မတူး ချင်တယ်

ရမ္မက်ဖုံးလို့

အချစ်သစ် ရှာချင်သေးသလားကွယ်

တစ်သက်ဆုံး

မျက်လုံး ဒေါက်ထောက်ကြည့်ဦးမယ်

ကျေးဇူးတင်ပါတယ်(လေးစိုး)

စာသားမူရင်းတင်သူကို Credit ပေးပါတယ်

ခင်ပိုးပန်းချီ'dan Daha Fazlası

Tümünü Görlogo