menu-iconlogo
huatong
huatong
--cover-image

အချစ်စစ်ဆိုတာ

ခင္ေမာင္တိုးhuatong
miyatakorberhuatong
Şarkı Sözleri
Kayıtlar
သီချင်း : အချစ်စစ်ဆိုတာ

တေးဆို : ခင်မောင်တိုး

လိုချင်တာများရှိရင်လည်း ပြောပါလေ

အချစ်အတွက် အသက်ကိုပင်စွန့်ရဲတယ်

ကြည်ဖြူမယ်ဆိုရင် ဆယ်ခါပြန်မကတိုင်

အသက်ဆက်ရှင်သန် နေဦးမယ်

တိုင်တည်ကာ စကားသစ္စာပေးပါတယ်

အသည်းထက်အက္ခရာ တင်ထားမယ်

ဘယ်လိုသာဘယ်ပုံ အချိန်တွေကုန်ဆုံးပါစေ

အချစ်သက်က ပျိုရွယ်နေဆဲကွယ်

အပြုံးပန်းအလှများ အစဉ်သာပွင့်ေ၀စေချင်

အလွမ်းတေးများ နှုတ်ပိတ်နေစေချင်

နင်းသွားမယ့်လမ်းထဲ ဆူးခလုတ်တွေ

နှလုံးသွေးနဲ့ သန့်စင်ဖယ်ရှားမယ်

မပြေလည်ရင်လည်း ပြသနာကင်းအောင်ကွယ်

အတွက်ခက်တဲ့ ပုစာၦကူရှင်းမယ်

ဘယ်သူတွေဘယ်လို ကြံစည်ကာဖျက်နေနေ

အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်

ပြုံးပန်းအလှများ အစဉ်သာပွင့်ေ၀စေချင်

အလွမ်းတေးများ နှုတ်ပိတ်နေစေချင်

နင်းသွားမယ့်လမ်းထဲ ဆူးခလုတ်တွေ

နှလုံးသွေးနဲ့ သန့်စင်ဖယ်ရှားမယ်

မပြေလည်ရင်လည်း ပြသနာကင်းအောင်ကွယ်

အတွက်ခက်တဲ့ ပုစာၦကူရှင်းမယ်

ဘယ်သူတွေဘယ်လို ကြံစည်ကာဖျက်နေနေ

အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်...

အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်...

အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်…

ခင္ေမာင္တိုး'dan Daha Fazlası

Tümünü Görlogo