menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar
လှပလွန်းတယ်...

လေညှင်းသွဲ့သွဲ့ဖွဲ့ဖွဲ့နွဲ့နွဲ့ သူကျီစယ်

ပန်းဝတ်မှုန်လှလှလေးမြမြမွှေး

ရင်တွင်းလှိုက်ခုန်တယ်လေကွယ်တဲ့

ချစ်သူတို့ ဘ၀ရောက်ခဲ့ကြပြီဆိုရင်ကွယ်

ဤသို့ ဤနှယ်အသွယ်သွယ် ခွန်းချိုကြသည်နှယ်

မေတ္တာသင်္ကေတဖြစ်တယ်

အချစ်ဖူးပွင့်ချစ်ဦးသူနဲ့

မှေးစက်တဲ့အခါဝယ်

အနုအလှလေး တယုတယမွှေး

ဖေးဖေးမမမျှတစေချင်တယ်

အိုအသက်ရယ် အသက်ရယ်

ကိုယ်လေချစ်တယ် ချစ်တယ်

မောင်သက်လယ် သက်လယ်

နောင်ခက်မယ် ရှက်တယ်

ပျော်တယ် ပျော်တယ်

ချစ်ဖွဲ့ညချမ်း

မီးပန်းမီးပွင့်အဆင့်ဆင့်စီချယ်

တိတ်ဆိတ်သောည အေးမြသောည

လှပလွန်းတယ်...

လေညှင်းသွဲ့သွဲ့ဖွဲ့ဖွဲ့နွဲ့နွဲ့ သူကျီစယ်

ပန်းဝတ်မှုန်လှလှလေးမြမြမွှေး

ရင်တွင်းလှိုက်ခုန်တယ်လေကွယ်တဲ့

ပွေ့ဖက်ကာထား

မှေးစက်ကာများ

နှစ်ယောက်သားလျှောက်သွားဦးမယ်

အချစ်ရေ... (အင်း)

ကိုယ်တို့ချစ်သောည ငွေနှင်းကမှုန်ရီချယ်

ချစ်သူတို့ဘ၀ချစ်ခရီးစကြပြီကွယ်

သွားကြပါစို့တကယ် ချစ်နိဗ္ဗာန်သို့ရွယ်...

တိတ်ဆိတ်သောည အေးမြသောည

လှပလွန်းတယ်...

တိတ်ဆိတ်သောည အေးမြသောည

လှပလွန်းတယ်...

တိတ်ဆိတ်သောည အေးမြသောည

လှ ပ လွန်း တယ်...

ချမ်းချမ်း/သိန်းတန်'dan Daha Fazlası

Tümünü Görlogo