menu-iconlogo
huatong
huatong
avatar

တိမ်သဥာမေနဲ့ မြေပြင်လွှာမောင်

ခွန်သန်းထွန်းhuatong
Aungla_star554huatong
Şarkı Sözleri
Kayıtlar
တိမ်သဉ္ဇာမေနှင့်မြေပြင်လွှာမောင်

ခွန်သန်းထွန်း

မျှော်ရည်ကာ မောင်လေ မင်းလေးရဲ့မေတ္တာ

ပေးကမ်းမယ့် ကမ်းလက်ကိုကွယ်

ကြိုဆိုနေ ရင်မှာ တောင့်တမှုများစွာ

မျှော်လင့်ခြင်းငယ်နဲ့

ရှင်သန်နေတဲ့ နှလုံးသားထဲမှာ

မင်းတစ်ယောက်အတွက်ရယ်လို့

ဖူးပွင့်ခဲ့ရပြီ သည်းဦးပန်းငယ်

လှမ်းဆွတ်ဖို့ မြန်းခဲ့စေချင်

ညှိုးနွမ်းလို့ ချစ်ရနံ့ရယ်မပြယ်ခင်

အတွယ်အတာပိုကာ စွဲလမ်းမှုစိတ်တွေ

နှိပ်စက်ပေါ့ မောင့် ဘဝကိုလေ

တစ်ကိုယ်ရည်ရယ်ဖြေမဆည်

ဆွေးစိတ်နဲ့ ရတက်ပွေ

ဝေဒနာ အသည်းရင်ထဲ

ကြွေကာနေပြီ သောကမျက်ရည်

တိတ်တဆိတ်ညယံအလယ်

မုန်းစကားလည်း မင်းမဆို

ပြုံးစကားလည်း ခွန်းမချို

စိမ်းရက်တဲ့ ဥပက္ခာရှင်

ယိမ်းနွဲ့လို့ တိမ်းမယ့်ဟန်တွေပြင်

အခြေအနေရယ် မညီမညာ တိမ်သဉ္ဇာမြေလွှာ

ခြားနားလို့ မချစ်ဝံ့ခဲ့တာလား

မောင်လိုလူ အနုံအချာ ရွှေငွေဗလာရင်မှာ

မှေးစက်ဖို့ အရဲမစွန့်ဝံ့တာလား

အခြေအနေရယ် မညီမညာ တိမ်သဉ္ဇာမြေလွှာ

ခြားနားလို့ မချစ်ဝံ့ခဲ့တာလား

မောင်လိုလူ အနုံအချာ ရွှေငွေဗလာရင်မှာ

မှေးစက်ဖို့ အရဲမစွန့်ဝံ့တာလား

****music*****

မျှော်ရည်ကာ မောင်လေ မင်းလေးရဲ့မေတ္တာ

ပေးကမ်းမယ့် ကမ်းလက်ကိုကွယ်

ကြိုဆိုနေ ရင်မှာ တောင့်တမှုများစွာ

မျှော်လင့်ခြင်းငယ်နဲ့

ရှင်သန်နေတဲ့ နှလုံးသားထဲမှာ

မင်းတစ်ယောက်အတွက်ရယ်လို့

ဖူးပွင့်ခဲ့ရပြီ သည်းဦးပန်းငယ်

လှမ်းဆွတ်ဖို့ မြန်းခဲ့စေချင်

ညှိုးနွမ်းလို့ ချစ်ရနံ့ရယ်မပြယ်ခင်

အတွယ်အတာပိုကာ စွဲလမ်းမှုစိတ်တွေ

နှိပ်စက်ပေါ့ မောင့် ဘဝကိုလေ

တစ်ကိုယ်ရည်ရယ်ဖြေမဆည်

ဆွေးစိတ်နဲ့ ရတက်ပွေ

ဝေဒနာ အသည်းရင်ထဲ

ကြွေကာနေပြီ သောကမျက်ရည်

တိတ်တဆိတ်ညယံအလယ်

မုန်းစကားလည်း မင်းမဆို

ပြုံးစကားလည်း ခွန်းမချို

စိမ်းရက်တဲ့ ဥပက္ခာရှင်

ယိမ်းနွဲ့လို့ တိမ်းမယ့်ဟန်တွေပြင်

အခြေအနေရယ် မညီမညာ တိမ်သဉ္ဇာမြေလွှာ

ခြားနားလို့ မချစ်ဝံ့ခဲ့တာလား

မောင်လိုလူ အနုံအချာ ရွှေငွေဗလာရင်မှာ

မှေးစက်ဖို့ အရဲမစွန့်ဝံ့တာလား

အခြေအနေရယ် မညီမညာ တိမ်သဉ္ဇာမြေလွှာ

ခြားနားလို့ မချစ်ဝံ့ခဲ့တာလား

မောင်လိုလူ အနုံအချာ ရွှေငွေဗလာရင်မှာ

မှေးစက်ဖို့ အရဲမစွန့်ဝံ့တာလား

ကျေးဇူးတင်ပါတယ်..

ခွန်သန်းထွန်း'dan Daha Fazlası

Tümünü Görlogo

Beğenebilirsin