မျက်ရည်များနဲ့(သို့မဟုတ်) ဝိညာဉ်တစ်ခုရဲ့ဆန္ဒ
ဆို-ဂရေဟမ်
စွန့်သွားပြီ အဝေးဆုံးခရီး
ရင်မှာခံစားနေရလည်း
ရှောင်လွှဲမရတဲ့
နောက်ဆုံးထာဝရခရီးနှုတ်ဆက်…
မျက်ရည်များတို့နဲ့ချာချာလည်
ကိုယ့်အသည်းတွေကြေကွဲ
နင်မရှိတော့တဲ့ ဘဝဟာလေ တိမ်စိုင်လိုပဲ
အတူရှိဖူးခဲ့ကြတဲ့နေ့တို့
လွမ်းဆွတ်မိမေရယ်
မင်းရဲ့အပြုံးကိုသတိရမိတယ် နေ့တိုင်းပဲ
တကယ်ပါမင်းလေးနဲ့တို့
အဝေးဆုံးဝေးလို့သွားပေမဲ့လည်း
မင်းရဲ့အနားမှာ အမြဲတမ်းရှိနေမယ်. . .
မခံနိုင်ပါပူပြင်းသော
ကွေကွင်းခြင်းမီးလျံတွေ
ရင်မှာလွမ်းဆွတ် ကျွမ်းလောင်နေရင်းနဲ့
ငါ့ရင်ထဲမွန်းကြပ်နေတယ်
တကယ်ပါမင်းလေးနဲ့တို့
အဝေးဆုံးဝေးနေလည်း …
မင်းရှိရာကမ္ဘာလေးတစ်ခုမှာပဲ
ကြေကွဲရင်းလွမ်းဆွတ်လို့ရူး
<<
>> ဟိုအရင်မင်းရှိခဲ့တဲ့နေ့တို့မပြောင်းလဲဘူး
မေရယ် မင်းလေးနဲ့တို့
သိပ်ချစ်ခဲ့တဲ့နေ့များထဲ
တကယ်ပါမင်းလေးနဲ့တို့
အဝေးဆုံးဝေးလို့သွားပေမဲ့လည်း
မင်းရဲ့အနားမှာအမြဲတမ်းရှိနေမယ် …
သတိရလို့စကားလေးများ
ရေရွတ်လို့တမ်းတရင်း
ငါလေငြီးတွားရှိုက်ငိုနေရင်းနဲ့
မင်းကိုပဲလွမ်းလို့နေတယ်
တကယ်ပါမင်းလေးနဲ့တို့
အဝေးဆုံးဝေးနေလည်း ..
မင်းရှိရာကမ္ဘာလေးတစ်ခုမှာပဲ
ကြေကြွဲရင်း လွမ်းဆွတ်လို့ရူး
အားလုံးအဆုံးသတ်သွားချိန်မှာ
ငါမင်းအနားရောက်လာမှာ
MUSIC
<<<<
>>>> -ကျေးဇူးတင်ပါတယ်-