အချစ်သစ်ပင်
ရာသီများပြောင်းနေပါစေ မရင့်ရော်နိုင်တယ်
တို့ . . အကြင်နာတွေအသည်းမှာ
အမြဲတမ်းစိမ်းလန်းနေမယ်..
မင်းအနမ်းတွေ
အစဉ်ပွင့်ဖူးသွားနိုင်တယ် ကိုယ့်ရင်ခွင်အလယ်
အမြဲ . . နွေနေခြည်နဲ့အတူ
ဆောင်းနှင်းလေးများစွာအလယ်
ကိုင်းခက်တွေမှာ အမြဲပွင့်ဝေ
တို့အတွက် အိပ်မက်များ
အမြဲစိမ်းကာနေမှာပေါ့ ချစ်သူရေ
ဒီမှာတို့ရဲ့ . . ထာဝရအချစ်..
အိုး ချစ်သူ
ဒီရင်ထဲအချစ်တွေကို သိစေချင်တယ်
တခြား . . ဘယ်အရာတွေနဲ့မတူ
အမြဲတမ်းစိမ်းလန်းနေမယ်...
ကိုင်းခက်တွေမှာ အမြဲပွင့်ဝေ
တို့အတွက် အိပ်မက်များ
အမြဲစိမ်းကာနေမှာပေါ့ ချစ်သူရေ
ဒီမှာတို့ရဲ့ . . ထာဝရအချစ်..
အိုး ချစ်သူ
ဒီရင်ထဲအချစ်တွေကို သိစေချင်တယ်
တခြားဘယ်အရာတွေနဲ့မတူ
အမြဲတမ်းစိမ်းလန်းနေမယ်...
အမြဲတမ်းစိမ်းလန်းနေမယ်...
အမြဲတမ်းစိမ်းလန်းနေမယ်..