menu-iconlogo
huatong
huatong
avatar

u200bကျေနပ်u200bပါတယ်u200bu200b၂

ငဲငယ်လေးhuatong
blue1skyhuatong
Şarkı Sözleri
Kayıtlar
ကျေနပ်​ပါတယ်​​​၂

ငဲငယ်​​လေး

ဒီတစ်ခါတွေ့တာ နောက်ဆုံးလား

နောက်ဆိုပြန်မတွေ့ဘူး မလား

ငါလေမေးချင်သော်လည်း မမေးရက်ပါ

အစကတည်းကသိနှင့်တာ မဟုတ်လား

မြင်နေတယ် မင်းရဲ့မျက်ဝန်းမှာ

မျက်ရည်စက်တွေ မျိုသိပ်ကာ

မပြောပေမယ့် ငါကြားရတယ်

အဆုံးသတ်ဖို့ခက်နေတယ်

ငါတို့နှစ်ဦးကြား

ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့သာ

ပြောလိုက်ပါ

ဒီလိုဆို ငါခံစားရတာပိုသက်သာမှာ

မငြိုငြင်ပါဘူး အပြစ်မတင်ပါဘူး

မမုန်းရက်ပါဘူး ဟူး

ဒီကမ္ဘာမှာ မင်းတစ်ယောက်သာ ငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ ခက်ခဲတာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ ငါ့ရဲ့ဘ၀ထဲ

ဘယ်သူခိုနားကာ အနားနားမှေးစက်ချင်မလဲ

အချိန်မီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်

ဆို တဲ့ အတွေးနဲ့

အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်

ရရှိခဲ့ အချိန်တွေနဲ့ပဲ

ဒီရင်ထဲ အမြဲသိမ်း ထားကာ

ကျေနပ်ပါတယ်

နင်ယုံကြည်ပေးနိုင်မယ် မဟုတ်လား

ဝေးနေခဲ့တောင် ချစ်သွားမှာ

ဆိုင်သူရှိတဲ့ မင်းကိုမှ ငါ့မှာ

ပိုင်ဆိုင်ချင်ခဲ့တာ ငါမှားသွားလားဟာ

တစ်ချိန်မှာတို့တွေ ပြန်တွေ့တဲ့အခါ

ဟိုအရင်အတိတ်ကို ပြန်သတိရပါ့မလား

အဆင်ပြေရင် ခဏလောက်နေပြီး

မထားခဲ့ဖို့ နောက်ဆုံးအနေနဲ့

ငဲ့ညှာပြီး စဉ်းစားမလား

ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့သာ

ပြောလိုက်ပါ

ဒီလိုဆို ငါခံစားရတာ ပိုသက်သာမှာ

မငြိုငြင်ပါဘူး အပြစ်မတင်ပါဘူး

မမုန်းရက်ပါဘူး ဟူး

ဒီကမ္ဘာမှာ မင်းတစ်ယောက်သာ ငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ ခက်ခဲတာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ ငါ့ရဲ့ဘ၀ထဲ

ဘယ်သူခိုနားကာ

အနားနားမှေးစက်ချင်မလဲ

အချိန်မီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်

ဆိုတဲ့ အတွေးနဲ့

အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်

ရရှိခဲ့ အချိန်တွေနဲ့ပဲ

ဒီရင်ထဲ အမြဲသိမ်းထားကာ

ကျေနပ်ပါတယ်

အခြေနေကြောင့်သာ

ငါတို့ဝေးရမှာသိတယ်

အချစ်ဟာ ငါတို့နှစ်ယောက်နဲ့

လုံးဝ မသက်ဆိုင်ခဲ့

သိလျက်နဲ့ရှေ့တိုးတယ်

မချစ်လို့မှ မဟုတ်ဘဲ ဟိုး ဟိုး

မင်းတစ်ယောက်သာ ငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ ခက်ခဲတာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ ငါ့ရဲ့ဘ၀ထဲ

ဘယ်သူခိုနားကာ အနားနားမှေးစက်ချင်မလဲ

အချိန်မီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်

ဆိုတဲ့ အတွေးနဲ့

အကြိမ်ကြိမ်​မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်

ရရှိခဲ့ အချိန်တွေနဲ့ပဲ

ဒီရင်ထဲ ပြန်ဆုံမယ့်အချိန်တွေနဲ့ပဲ...

ကျေနပ်ပါတယ်

ငဲငယ်လေး'dan Daha Fazlası

Tümünü Görlogo