menu-iconlogo
huatong
huatong
avatar
သူငယ်ချင်းများစွာ
စိုင်းစိုင်းခမ်းလှိုင်huatong
vaapukka4huatong
Şarkı Sözleri
Kayıtlar
သီချင်း - သူငယ်ချင်းများစွာ
တေးဆို - စိုင်းစိုင်းခမ်းလှိုင်
ငါတို့ညစဉ်တိုင်းတွေးကျတဲ့အတွေးများ
ကျန်ရှိနေသေးတဲ့ ဘဝရဲ့အပိုင်းအစ
တစ်ချိန်မှာငါ့ရဲ့အသက်က၃၅ နောက် ၄၅
နေ့နဲ့ညနဲ့အကြောင်းမျးာငါထိုင်စဉ်းစား
လမ်းမီးများရဲ့အောက်မှာ ငါတို့
စတွေ့ကြတဲ့ မနက်တွေနဲ့
ခွဲရစ်တဲ့ညနေ အဖြစ်နဲ့ အပျက်တွေ
မတူညီပေမယ့် သိပ်ချစ်ခဲ့ခြင်းတွေ
ငါတစ်ခြားမှာသုံးတဲ့ မှတ်ဉာဏ်တွေနဲ့
တခြားမှာရှိတဲ့အကြောင်းအရာတွေ
တစ်ခြားမှဖြစ်တဲ့ ပြဿနာတွေ
ခေါင်းထဲမှာ ပြည့်နှက်နေလဲ
ဘယ်တော့မှမမေ့တဲ့စိတ်မှာမင်းတို့ရှိနေဆဲပါ
ကျေင်းတက်ခေါင်းလောင်းထိုးသံ
ကြားမိတိုင်းမှာ ငါ့တို့ရန်ဖြစ်ခဲ့တာ
ငါတို့ပြန်ချစ်ခဲ့တာ စိတ်လှုပ်ရှားခဲ့
ဘူးတာတွေအကုန်အိုမင်းသွားပြီလား
မူလတန်း အလယ်တန်းနဲ့
အထက်တန်းဘဝတွေ
အခုအချိန်မှာပြန်တွေးရင် ရင်တွေခုန်
ငါလွမ်းဆွတ်နေရင်း ထိုင်ခါရေးတဲ့သီချင်း
ဘဝရထားသွားနေလဲ
သူငယ်ချင်းတွေက အစဉ်အမြဲ
ဒီဘဝတစ်ခုမှာ ဆုံတွေ့ခဲ့တာ
အစဉ်အမြဲတို့တွေ အတူရှိခဲ့တာ
နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွါ
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
တစ်ချိန်မှာ ငွေကြေးများနဲ့
အလုပ်အကိုင်ရှိလာမယ်
ဟိုစဉ်ကဘဝလောက် ပျော်စရာတွေလဲ
မကောင်းတော့တာအမှန်ပဲ
စက်ဘီးတွေစီးခဲ့ကျတယ် တို့လမ်းတွေ
လျှောက်ခဲ့ကျတယ်
စကျနောက်ကျစိတ်ဆိုးကြရင်း
စာတွေကျက်ခဲ့ကြတယ်
စိတ်ကောက်ကျတာရှိတယ်
ပြန်ချော့ခဲ့ကြဖူးတယ်အိမ်မှာနေနေရင်းနဲ့ပဲ
တယ်လီဖုန်းတွေပြောခဲ့ကြတယ်
တစ်ခါတစ်လေမှာ အပေါင်းအသင်းနဲ့
ကဗျာစာအုပ်တွေလုပ်တယ် ရင်တွေ
ဘာတွေမောရင်းနဲ့ ရည်းစားလေးတွေထားတယ်
အဆောင်မှာ မီးတွေထွန်းတဲ့အချိန်
ဂစ်တာတီးခဲ့ကျတယ်.
တစ်ကိုယ်ရည်အသည်းကွဲတဲ့
သီချင်းတွေ ဒီဇင်ဘာရဲ့နှင်းတွေ
ပြန်မြင်ယောင်ရင်းနဲ့ ငါ အိပ်ယာထက်မှာ
လူးလှိမ့်နေ ကောင်ကလေးနဲ့
ကောင်မလေးကနေ အမျိုးသားနဲ့
အမျိုးသမီး အဘိုးကြီးနဲ့
အဘွားကြီးဖြစ်တဲ့ အချိန်တွေအထိ
ဘဝဆိုတဲ့ ဖိနပ်ကြီးကို ငါတို့တွေ
စီးသွားရမှာပါပဲ ကဲ ထားလိုက်ပါတော့
တစ်နေ့နေ့မှာတော့ကွာ
ပြန်ဆုံမှာပေါ့ ချစ်တဲ့သူငယ်ချင်းများ
ဒီဘဝတစ်ခုမှာ ဆုံတွေ့ခဲ့တာ
အစဉ်အမြဲတို့တွေ အတူရှိခဲ့တာ
နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွါ
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
la la la la la la la la la la la
la la la la yeah yeah
la la la la la la la la la la la
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
လူသားတွေအယောက်စီတိုင်း ကြုံတွေ့နေရ
နောက်ပြီးရင် ခွဲခွာသွား ဒါလူဘဝဆိုတာတွေ
ငါ့အတွက်သင်ခန်းစာ ကမ္ဘာဟာနေမင်းကြီးကို
တစ်ပတ်ပြီး တစ်ပတ်လည်ပတ်နေရ
ငါ့ရင်ထဲမှာ သတိတရ
အမှတ်တရ ရှိခဲ့ရ နေ့ရက်များ
အပြန်အလှန်နားလည်မှုနဲ့ရင်မှာ
အပြာရောင်လေးတွေခံစား
မနက်ဖြန်အကြောင်း စဉ်းစားရင်
မနေ့ကဆိုတာကို တမ်းတ
ငါတို့တွေ တစ်ယောက်ကိုလေ တစ်နေရာစီ
ဝေးသွား တစ်ချို့တွေကပူပြင်းပြီး
တစ်ချို့ တွေက အေးမြတဲ့ဒေသ
ငါကလည်း နေရာသစ်မှာ စနစ်တကျ
နောက်ဆုံးနှုတ်ဆက်ကျတဲ့အခါ
ဆရာတွေကို ကန်တော့ကျတယ် အချင်းချင်း
ပွေ့ဖက်ကျတယ် အချို့ အချို့တွေ့က
ဟေ့ကောင်မငး်က ငါ့ရဲ့အကောင်းဆုံး
သူငယ်ချင်းပါပဲ မျက်ရည်တွေဘာတွေဝဲလို့
ဆို့နင့်နေကျ ဆို့နင့်နေရ
ကဲဒါတွေထားပါကွာ
ငါတို့ ဘဝတွေမှာ တကယ်ရှိခဲ့သော
အချစ်ဆုံးသူငယ်ချင်းများ
ဒီဘဝတစ်ခုမှာ ဆုံတွေ့ခဲ့တာ
အစဉ်အမြဲတို့တွေ အတူရှိခဲ့တာ
နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွါ
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
ဒီဘဝတစ်ခုမှာ ဆုံတွေ့ခဲ့တာ
အစဉ်အမြဲတို့တွေ အတူရှိခဲ့တာ
နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွါ
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
ဒီဘဝတစ်ခုမှာ ဆုံတွေ့ခဲ့တာ
အစဉ်အမြဲတို့တွေ အတူရှိခဲ့တာ
နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွါ
သူငယ်ချင်းများစွာ ထာဝရဝေးကွာ
စိုင်းစိုင်းခမ်းလှိုင်'dan Daha Fazlası
Tümünü Görlogo