menu-iconlogo
huatong
huatong
avatar

အချစ်ဆိုတဲ့အရသာ

စိုင်းထီးဆိုင်huatong
mistywaters08huatong
Şarkı Sözleri
Kayıtlar
နင်ဟာအတောင်ပါတဲ့ငှက်ပါ

ငါဟာလွင့်ပါးတဲ့ရော်ရွက်ဝါ

အဆင်ပြေ လေလာတုန်းအခိုက်မှာ

ကြည်နူးမြူးခဲ့တယ် တစ်ရံတစ်ခါ

လေငြိမ်တဲ့အခိုက်မှာ

မခေါ်ပဲ မမျှော်ပဲရောက်ရာ

ကြွေကာကျတဲ့အခါ မြေမှာလှဲလျောင်းရာ

မင်းလဲမရောက်လာ အချစ်လဲမရှိကာမှာ

အမှန်တရားရဲ့အရသာ

တကယ်ဆို မချိုပါဘူး အချစ်ရာကြာမှ

ခါးမှန်သိနိုင်တဲ့အရာ

အိုလေ ဒါပေမယ့်အခုအခါ

ကိုယ်မှမချစ်ပဲလဲ မနေနိုင်တာ

အရင်လိုဘဝအစမှာ ပြန်ပြီးနေခွင့်ရတောင်

အပြန်တရာမိုက်ဦးမှာ အဖန်တရာမှားဦးမှာ

နောက်ဆုံးတော့လေ စဉ်းစားမိတာ

အချစ်မှာမျက်စိမရှိပါ

မကြုံခင်ကြုံချင်ခဲ့ရသလို

ကြုံလည်းမချင့်မရဲနဲ့နေဆဲပါ

ရင်မှာမပြေနိုင်တဲ့အရသာ

ဒီဘဝချစ်ရမှနေပျော်မှာ

စိုင်းထီးဆိုင်'dan Daha Fazlası

Tümünü Görlogo