menu-iconlogo
huatong
huatong
avatar

နေရစ်တော့ကွယ်သွားတော့မယ် စိုင်းထီးဆိုင်

စိုင်းထီးဆိုင်huatong
nerak6462huatong
Şarkı Sözleri
Kayıtlar
ဒီအရိပ်အောက်မှာ အတူတူနေမယ်

အမြဲရည်မှန်းထားခဲ့တယ်

အလိုပြည့်ဖို့ တစ်ခုတည်းကိုယ့်မှာနားလည်

ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ်

စိတ်ဆန္ဒ ရှိလည်းကွယ်

ကံဆိုးတော့ ချစ်အိပ်မက်ပျက်ပြယ်

ခွဲရခါနီးမှ လုပ်ရက်နိုင်တယ်

တစ်ခါလောက် တောင်နမ်းခွင့်မပေးသူရယ်

ကိုယ့်ရဲ့သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ်

နေရစ်တော့ကွယ် သွားတော့မယ်

ချစ်ပန်းကလေးတွေ ဝေနေချိန်မှာ

အဖိုးတန်မှန်းမသိခဲ့တယ်

နဂိုရ ပိုင်ခွင့်ပဲလို့ထင်မိတယ်

အချစ်စကားလေးတွေ ဝေနေချိန်မှာ

တုန့်ပြန်ဖို့ သတိမရတယ်

ခုများမှအဖြစ်ရယ် နှောင်းပေါ့ကွယ်

ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ်

လွန်သမျှကျေနပ်ဖို့ တောင်းပန်တယ်

ကိုယ့် ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ်

နေရစ်တော့ကွယ် သွားတော့မယ်

တစ်သက်လုံးမှလေ တစ်ခါကြုံချင်ရင်

ပွင့်ချိန်နဲ့ ကိုက်မှကွယ်

ဒီအချစ်ဆိုတဲ့ ပန်းကလေးဟာရှားတယ်

တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ

ခူးချွေခဲ့ပြီးမှကွယ်

ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ်

နှလုံးသားမှာထားခွင့် မရှိတော့ရင်လည်း

တစ်ခါချစ်ခဲ့ဖူးလို့ ဝမ်းသာတယ်

မမေ့နိုင်ခြင်းနဲ့ပဲ

နှုတ်ဆက်ခဲ့တယ်

အချစ်ရယ်

နေရစ်တော့ကွယ် သွားတော့မယ်

လူသားတိုင်းမှာ ကိုယ်စီပါတယ်

ဘဝရဲ့ အလှအပများရယ်

အခွင့်အရေးနှင့် အစွမ်းအစတစ်ဘက်စီရှိတယ်

လူတစ်ဦး တစ်ယောက်အတွက်

နိုင်တယ် မနိုင်တယ် အချစ်နဲ့ပက်သက်သမျှရယ်

အရာတိုင်းပဲ တရားတယ် မျှတတယ်

အကောင်းဆုံးကို ရွေးခွင့်

မရှိတော့ရင်လည်း

ဒီဘဝ ဒီအမျှနဲ့ပြီးစေကွယ်

ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ်

နေရစ်တော့ကွယ်

သွားတော့မယ်..

စိုင်းထီးဆိုင်'dan Daha Fazlası

Tümünü Görlogo