menu-iconlogo
huatong
huatong
avatar

ညှို့မျက်ဝန်း

စိုးသူhuatong
peanutk1978huatong
Şarkı Sözleri
Kayıtlar
ညှို့မျက်ဝန်း

ဆို စိုးသူ

အနောက်လှည့် အကြည့်တစ်ချက်

ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်

မင်းပေးသွားတဲ့ အရင်ဝေဒနာလည်း

စက္ကန့်ရွေ့ အမျှပါပဲ

ကလေးငယ်လို လိုလားမှု့များစွာနဲ့ရယ်

တောင်းခံသူကို

အချစ် တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်

စေတနာသဒ္ဓါသလောက်မျှခဲ့ပါ

အချစ် လမ်းတစ်ဝက်ဖြစ်ဖြစ်

ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ

အချစ် ပန်းတစ်ဝက်ဖြစ်ဖြစ်

တွယ်တာနိုင်သလောက် စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောခဲ့ပါ ဟောလှည့်ပါ

အချစ်တရားတစ်ပုဒ် နာလိုသူပါ

အတွေးများစွာ ပေးထားကာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှု့နဲ့ထပ်တူ

တစ်ပြည်ကွာ အနမ်းတို့ရဲ့

ဝေးကွာခြင်းနဲ့အတူ

ဒီလူမှာသာ ဆုံးရှုံး နေမှာပဲလေ

ဆုံးကာရှုံးကာသာ နေမှာပဲလေ

ဆုံးရှုံး နေမှာပဲလေ

အမြဲအစဉ်ရှုံးကာသာ နေမှာပဲလေ

အမြဲရှုံး နေမှာပဲလေ အချစ်ရေ

အသည်းခွင်းမျှားတစ်ချက်

ရင်အလယ်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်

အပြုံးဝင့်တစ်ချက်က

ရင်ကိုတစ်ခါတည်း သိမ်းပိုက်သွားခဲ့ပြီးပဲ

စိတ်အစဉ်ရယ်

တစ်ပါတည်းနဲ့လိုက်ပါသွားတယ်

ညှို့ပိုင်သူရယ်

အရှင့် ပခုံးနုထက်မှာ

အပြာရောင် လွယ်အိပ်ကလေးဖြစ်ပါရစေ

အရှင့် ဖဝါးနုအောက်မှာ

ကတ္တီပါ ဖိနပ်ကလေး ဖြစ်ပါရစေ

အရှင့် ဦးထိပ်ထက်မှာ

ငွေရောင် ဆံညှပ်ကလေး ဖြစ်ပါရစေ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောခဲ့ပါ ဟောလှည့်ပါ

အချစ်တရားတစ်ပုဒ် နာလိုသူပါ

အတွေးများစွာ ပေးထားကာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှု့နဲ့ထပ်တူ

တစ်ပြည်ကွာ အနမ်းတို့ရဲ့

ဖိတ်ခေါ်ခြင်းနဲ့အတူ

အသင်ပိုင်ဆိုင်ရာ အသည်းယစ်

ပလ္လင်တော်ထက်မှာ

မနှေးမမြန်စတေးခံကာ နေမှာပဲလေ

အသည်းယစ် ပလ္လင်တော်ထက်မှာ

ဆုံးကာ ရှုံးကာသာ နေမှာပဲလေ

ဆုံးရှုံး နေမှာပဲလေ အချစ်ရေ

( ကျေးဇူးအထူးတင်လျက် )

စိုးသူ'dan Daha Fazlası

Tümünü Görlogo