menu-iconlogo
huatong
huatong
avatar

ရေလိုအေးတဲ့နွေလေးတစ်နွေ

စန္ဒရားချစ်ဆွေhuatong
outwestcountryhuatong
Şarkı Sözleri
Kayıtlar
" ရေလိုအေးတဲ့ နွေလေးတစ်နွေ "

ဆို စန္ဒရားချစ်ဆွေ

နွေညနေလေးတွေ လောကအပြင်ဘက်ကို

ရောက်ပြီဆိုလည်း

မောင့် ရင်ထဲမှာ နွေပြီးနွေ

အနောက်တောင် လေများက

ကျောက်ဆောင်တွေ ကြားမှ

ယူလာတဲ့ မိုးစက်ကလေးတွေ

ရင်ထဲကို ခြွေချပေးလည်း

နွေဘဝလေးပဲ ဖြစ်နေ

အပြာရောင် ဆောင်းဦးပေါက်ရဲ့

ပျံလွှားဌက်တွေကလည်း

ခံစားချက်တွေ မဖျက်ခြွေနိုင်ပေ

ငွေနှင်းကလေးတွေ

ကြွေဆင်းပေးနေလည်း

မောင့် ရင်ထဲမှာ

နွေခင်းလေးပဲ ဖြစ်ခါနေ ...

နွေညနေလေးတွေ လောကအပြင်ဘက်ကို

ရောက်ပြီဆိုလည်း

မောင့် ရင်ထဲမှာ နွေပြီးနွေ

အနောက်တောင် လေများက

ကျောက်ဆောင်တွေ ကြားမှ

ယူလာတဲ့ မိုးစက်ကလေးတွေ

ရင်ထဲကို ခြွေချပေးလည်း

နွေဘဝလေးပဲ ဖြစ်နေ

အပြာရောင် ဆောင်းဦးပေါက်ရဲ့

ပျံလွှားဌက်တွေကလည်း

ခံစားချက်တွေ မဖျက်ခြွေနိုင်ပေ

ငွေနှင်းကလေးတွေ

ကြွေဆင်းပေးနေလည်း

မောင့် ရင်ထဲမှာ

နွေခင်းလေးပဲ ဖြစ်ခါနေ ...

နွေ ... မောင့်ရင်ထဲကနွေ ... နွေ

ပူပါတယ်လို့ လူတကာလည်လို့ ပြောရက်ဘူးလေ

အချစ်ဆုံးသူ ပေးသွားတဲ့နွေ

အချစ်ဆုံးသူ ဝေးသွားတဲ့နွေ

မောင့်ရင်ထဲမှာ ပြောသလိုသာနေ

နွေတစ်ရာ ဖြစ်ပါစေ

စေတနာ မေတ္တာတွေ မပျက်ပါဘူး ... လေ

ချစ်သူနဲ့ ပတ်သက်လာရင်

အသည်း လိုချင်သလား

ပုလဲလို ဆင်မလား

ရင်ခွဲ ပေးမယ့်သူပါလေ ...

အချစ်ဆုံး သူပေးလာတဲ့

နွေအပူကလေးကိုပဲ

ရေအလှူ ပေးသလိုပဲ

ရင်ထဲမှာ မှတ်ယူထားတယ်လေ ...

ချစ်သူနဲ့ ပတ်သက်လာရင်

အသည်း ကြွေပျက်စမ်း

ငရဲပြည် တစ်ဖက်ကမ်း

လျှောက်လှမ်းရဲတဲ့ သူပါလေ ...

အချစ်ဆုံး သူပေးလာတဲ့

နွေအပူကလေးကိုပဲ

ရေအလှူ ပေးသလိုပဲ

ရင်ထဲမှာ မှတ်ယူထားတယ်လေ ...

နွေ ... မောင့်ရင်ထဲကနွေ ... နွေ

ပူပါတယ်လို့ လူတကာလည်လို့ ပြောရက်ဘူးလေ

အချစ်ဆုံးသူ ပေးသွားတဲ့နွေ

အချစ်ဆုံးသူ ဝေးသွားတဲ့နွေ

မောင့်ရင်ထဲမှာ ပြောသလိုသာနေ

နွေတစ်ရာ ဖြစ်ပါစေ

စေတနာ မေတ္တာတွေ မပျက်ပါဘူး ... လေ

ချစ်သူနဲ့ ပတ်သက်လာရင်

အသည်း လိုချင်သလား

ပုလဲလို ဆင်မလား

ရင်ခွဲ ပေးမယ့်သူပါလေ ...

အချစ်ဆုံး သူပေးလာတဲ့

နွေအပူကလေးကိုပဲ

ရေအလှူ ပေးသလိုပဲ

ရင်ထဲမှာ မှတ်ယူထားတယ်လေ ...

ချစ်သူနဲ့ ပတ်သက်လာရင်

အသည်း ကြွေပျက်စမ်း

ငရဲပြည် တစ်ဖက်ကမ်း

လျှောက်လှမ်းရဲတဲ့ သူပါလေ ...

အချစ်ဆုံး သူပေးလာတဲ့

နွေအပူကလေးကိုပဲ

ရေအလှူ ပေးသလိုပဲ

ရင်ထဲမှာ မှတ်ယူထားတယ်လေ ...

စန္ဒရားချစ်ဆွေ'dan Daha Fazlası

Tümünü Görlogo