menu-iconlogo
huatong
huatong
avatar

ကေသရီ

တူးတူးhuatong
notjustagirlhuatong
Şarkı Sözleri
Kayıtlar
ကေသရီ ... တူးတူး

စိုးမိုးမှုဒီရင်မှာ

နှလုံးသားထဲစူးနစ်စေခဲ့တယ်

ကေသရီရယ် မင်းအကြည့်ကြောင့်ရင်ဝေဒနာ

နက်သထက်နက် ဖျက်မရနိုင်ခဲ့

အို...မောင့်ကေသရီရယ်

စွဲလန်းခြင်းအသင်္ချေကို မင်းသက်သက်

ပေးခဲ့လေသလားကွယ်

တို့ဘဝရဲ့အာရုဏ်တွေမှာ

တမ်းတမ်းစွဲ စွဲမိပြီပေါ့ကွယ်

ကေသရီရယ် မလှမ်းဝံ့တဲ့ခြေရာတစ်စုံဟာ

မင်းနံဘေးနားရှိလျှက်ပါပဲ

အို.. မောင့်ကေသရီရယ်

သောကကျင့်စဉ်တွေကို

နှလုံးသားထဲထည့်ခဲ့လေသလားကွယ်

စိတ်ထဲရှိရှိသမျှနဲ့ အပြင်ဘက်က

လက်တွေ့ဘဝဟာကွာခြားတယ်

ချစ်သူရယ်သိစေချင်တယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူးကွယ်

အသက်နှင့်အမျှကြင်နာသူကို

ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ်

ကေသရီရယ် တို့ဘဝရဲ့အဖော်မွန်ဟာ

ဝေးသင့်လို့ဝေးခဲ့ကြပြီပဲ

အို..မောင့်ကေသရီရယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မကမ်းတော့ပါဘူးကွယ်

စိတ်ထဲရှိရှိသမျှနဲ့ အပြင်ဘက်က

လက်တွေ့ဘဝဟာကွာခြားတယ်

ချစ်သူရယ်သိစေချင်တယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူးကွယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မကမ်းတော့ပါဘူးကွယ်

နန်းထိုက်တဲ့တော်ဝင်သူကို

တို့လက်နဲ့မထိရက်ပါဘူးကွယ်

THANK ALL

Thuu Thuu

တူးတူး'dan Daha Fazlası

Tümünü Görlogo