ဘယ်ဝါကျွတ်ကိုပြောတာလဲ 
   ....... 
ရက်မှလကိုပြောင်း 
နှစ်တို့ပင်ညောင်းခဲ့ပြီကွယ် 
ချစ်သက္ကရာဇ်တွေရယ် 
ပြက္ခဒိန်ရွက်တွေ အထပ်ထပ်ရယ် 
ဝါကျွတ်ရင်နီးရမယ်လို့ ဆိုခဲ့တဲ့သူရယ် 
လဝါဆို မြခွာညိုပန်းလေးတွေဖြင့် 
အကြိမ်ကြိမ်ပွင့်ရှာပေါ့ကွယ် 
...... 
ဘယ်ဝါကျွတ်ကိုပြောတာလဲကွယ် 
အချစ်ရယ် အသက်ရယ် ခုနှစ်ရက်ကလေး 
မောင်သိချင်လှတယ် 
  ရက်မှလကိုပြောင်း 
နှစ်တို့ပင်ညောင်းခဲ့ပြီကွယ် 
ချစ်သက္ကရာဇ်တွေရယ် 
ပြက္ခဒိန်ရွက်တွေ အထပ်ထပ်ရယ် 
ဝါကျွတ်ရင်နီးရမယ်လို့ ဆိုခဲ့တဲ့သူရယ် 
လဝါဆို မြခွာညိုပန်းကလေးတွေဖြင့် 
အကြိမ်ကြိမ်ပွင့်ရှာပေါ့ကွယ် 
...... 
ဘယ်ဝါကျွတ်ကိုပြောတာလဲကွယ် 
အချစ်ရယ် အသက်ရယ် 
ခုနှစ်ရက်ကလေး မောင်သိချင်လှတယ် 
  ဝါကျွတ်ပြီလေ 
သူများ..သူများ..သူများအတွဲတွေ 
တွဲကာယှဉ်ကာရယ် 
သြော် ပျော်နေကြပြီပေါ့ 
မောင့်မှာတစ်ယောက်တည်းအချစ်ရယ် 
..... 
အဖော်ကွဲ.. 
တစ်ယောက်တည်းလွမ်းလှပြီကွယ် 
မောင့်မှာတစ်ယောက်တည်း ဆွေးရပါတယ် 
ဒီတစ်နှစ်မှာဖြင့် 
ဒီတစ်ဝါကတော့ဆိုရဦးမယ် 
ထင်ပါရဲ့အချစ်ရယ် 
သီတင်းကျွတ်ပြီမေရယ်နော်ကွယ် 
ဝါကျွတ်ရင်လက်ထပ်မယ်လို့ 
မင်းပြောလာဖူးတယ် 
ဘယ်ဝါကျွတ်ကိုပြောတာလဲကွယ် 
အချစ်ရယ်အသက်ရယ် 
ခုနှစ်ရက်ကလေးမောင်သိချင်လှတယ်... 
 Music  
.... 
ရက်မှလကိုပြောင်း 
နှစ်တို့ပင်ညောင်းခဲ့ပြီကွယ် 
ချစ်သက္ကရာဇ်တွေရယ် 
ပြက္ခဒိန်ရွက်တွေ အထပ်ထပ်ရယ် 
ဝါကျွတ်ရင်နီးရမယ်လို့ဆိုခဲ့တဲ့သူရယ် 
လဝါဆို မြခွာညိုပန်းကလေးတွေဖြင့် 
အကြိမ်ကြိမ်ပွင့်ရှာပေါ့ကွယ် 
..... 
ဘယ်ဝါကျွတ်ကိုပြောတာလဲကွယ် 
အချစ်ရယ် အသက်ရယ် 
ခုနှစ်ရက်ကလေး မောင်သိချင်လှတယ်.... 
  ဝါကျွတ်ပြီလေ 
သူများ..သူများ..သူများအတွဲတွေ 
တွဲကာယှဉ်ကာရယ် 
သြော် ပျော်နေကြပြီပေါ့ 
မောင့်မှာတစ်ယောက်တည်းအချစ်ရယ် 
.... 
အဖော်ကွဲ.. 
တစ်ယောက်တည်းလွမ်းလှပြီကွယ် 
မောင့်မှာတစ်ယောက်တည်း ဆွေးရပါတယ် 
ဒီတစ်နှစ်မှာဖြင့် 
ဒီတစ်ဝါကတော့ဆိုရဦးမယ် 
ထင်ပါရဲ့အချစ်ရယ် 
သီတင်းကျွတ်ပြီမေရယ်နော်ကွယ် 
ဝါကျွတ်ရင်လက်ထပ်မယ်လို့ 
မင်းပြောလာဖူးတယ် 
ဘယ်ဝါကျွတ်ကိုပြောတာလဲကွယ် 
အချစ်ရယ်အသက်ရယ် 
ခုနှစ်ရက်ကလေးမောင်သိချင်လှတယ်... 
...... 
ကျေးဇူးတင်ပါတယ်(လေးစိုး)