menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar
သို့

ထူးအယ်လင်း

0း 48

ဟိုးအဝေးက မြို့ငယ်လေး

ကိုယ့်ဘဝရဲ့နှလုံးသားတစ်ခုပဲ

မင်းမရှိတဲ့မြို့ ငယ်လေး

ခြေလှမ်းများက ဦးလှည့်ကာပြန်ချင်

အစဉ်သာ အိပ်မက်မက်နေ

မိုးလင်းတိုင်း လွမ်းစိတ်ကမပြေ

ဟူး .......

ဟူး .......

တောက်ပတဲ့ လင်းရောင်ခြည်များ

စိမ်းလန်းတဲ့ တောင်ပြာတန်းတွေ

အေးမြတဲ့ စမ်းချောင်းငယ်များ

နွေးထွေးတဲ့ မင်းရဲ့အပြုံးတွေ

ဟူး .......

ဟူး .......

အဝေးဆုံးလည်း ဝေးမနေချင်

အနီးဆုံးပဲ မင်းရဲ့ရင်ခွင်

မွန်းကြပ်တဲ့ မြို့ပြတွေထဲ

အလွမ်းများနဲ့ စီးဆင်းနေဆဲ

တချိန်မှာချစ် ခြင်းတရားတွေ

မဟောင်းနွမ်းပဲ မင်းစောင့်လို့နေ

ဟူး ........

ဟူး .......

နူးညံ့တဲ့ ပါးနုပြင်အောက်

နုတ်ခမ်းများက ရင်ခုန်လွန်းနေ

ရွှန်းလဲ့တဲ့ မျက်လုံးဝိုင်းတွေကြား

အနမ်းများနဲ့ သတိရလို့နေ

ဟူး .......

ဟူး .......

ရင်ထဲမှာ အမြဲရှိနေတယ်

စိတ်ကူးနဲ့ ရူးနေသူ

အိပ်မက်တွေ ဆက်မက်နေမယ်

ပြန်ခဲ့မယ် တနေ့တော့ကွယ်

အနာဂတ်တွေ လှပနေမယ်

ငါ့စိတ်က မင်းရဲ့ဆီလည်

မျှော်လင့်ချက် အလင်းတန်းတွေနဲ့

ပြန်ခဲ့မယ် တနေ့တော့ကွယ်

အရာရာ မပျောက်ဆုံးဘူး

ဘယ်လိုပင် ငါမမေ့နိုင်ဘူး

ရင်မှာ မြို့လေးတစ်မြို့

ပြန်ခဲ့မယ် တနေ့တော့ကွယ်

ဟူး .......

ဟူး .......

ထူးအယ်လင်း'dan Daha Fazlası

Tümünü Görlogo
ထူးအယ်လင်း, သို့ - Sözleri ve Coverları