menu-iconlogo
huatong
huatong
--cover-image

ကြယ်တွေစုံတဲ့ည

ထူးအိမ္သင္huatong
rayrayshellbellhuatong
Şarkı Sözleri
Kayıtlar
သီချင်း - ကြယ်တွေစုံတဲ့ ည

တေးဆို - ထူးအိမ်သင်

ကြယ်တွေစုံတဲ့ ည

ကိုယ့်အိပ်မက်လေး ငယ်

ကြယ်တွေစုံတဲ့ ည

ဘဝမေ ျှာ်လင့်ခြင်း ရယ်

ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့

သီချင်းတွေလည်း

ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်

ကြယ်တွေစုံတဲ့ ည

အဝေးအိမ်ကို လွမ်းတယ်

ကြယ်တွေစုံတဲ့ ည

ခရီးမိုင်တွေ ခြားစဉ်

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့

နေ့တွေလည်း

ကျော်လွန်သွားခဲ့ရင် ဒို့ပြန်ဆုံဦးမယ်

နာကျင်စွာတစ်ယောက် ထဲ

တရေးနိုးတဲ့ညတို့ မှောင်နေဆဲ

အိမ်ပြန်ချင်ပေ မယ့်

မပြီးဆုံးတမ်းအိပ်မက်ရှည်တွေ နဲ့

အိုး အမြဲတမ်းသတိရနေတယ်

ရှင်းပြလို့ပေးပါကွယ် ကြယ်ပွင့်လေးရယ်

ငါ့ ရဲ့ အကြောင်းတွေ

ကြယ်တွေစုံတဲ့ ညထပ် ကြုံရဦးမယ်

ကြယ်တွေ တကယ်စုံတဲ့ည

လှနေမှာပေါ့ ကွယ်

နေညိုညိုလမ်းလေးထက်

နေ့စဉ်စောင့်နေတယ်

မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်

နာကျင်စွာတစ်ယောက်ထဲ

တရေးနိုးတဲ့ညတို့ မှောင်နေဆဲ

အိမ်ပြန်ချင်ပေ မယ့်

မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့

အိုး အမြဲတမ်းသတိရနေတယ်

ရှင်းပြလို့ပေးပါကွယ် ကြယ်ပွင့်လေးရယ်

ငါ့ရဲ့ အကြောင်းတွေ

ကြယ်တွေစုံတဲ့ ညထပ်ကြုံရဦးမယ်

ကြယ်တွေ တကယ်စုံတဲ့ည

လှနေမှာပေါ့ ကွယ်

နေညိုညိုလမ်းလေးထက်

နေ့စဉ်စောင့်နေမယ်

မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်လေး

နေညိုညိုလမ်းလေးထက်

နေ့စဉ်စောင့်နေမယ်

မျှော်လင့်ခြင်းများရယ်

အိမ်ပြန်ချိန်များ ရယ်

ထူးအိမ္သင္'dan Daha Fazlası

Tümünü Görlogo