menu-iconlogo
huatong
huatong
avatar

မုန်းလို့မရတဲ့ချစ်သူတွေ

ထွန်းအိန္ဒြာဗိုလ်/ဒွေးhuatong
A_N_Chanhuatong
Şarkı Sözleri
Kayıtlar
“မုန်းလို့မရတဲ့ချစ်သူတွေ"

ဆို/ ဒွေး+ထွန်းအိန္ဒြာဗိုလ်

F.အို... ချစ်သူလေးရေ

ချစ်ခဲ့မိတာ ထူးဆန်းတော့

ပျားရည်ထက် ပိုချိုနေတယ်

မင်းနှုတ်ဖျားက

စကားဆန်းလေးတွေ ကြားလိုက်တော့

လက်ဖျားလေးများ အေးစက်လာတယ်

ဒီမှာ နေဖို့ထိုင်ဖို့ခက်ပြီ

လာသမျှ စိတ်ကူးမင်းဆီ

စွဲစွဲလမ်းလမ်း ချစ်မိခဲ့ပြီ

M.ဟူး... ချစ်သူလေးရေ

စိတ်တူသဘောတူ ချစ်မိတော့

တခြားလူထက်ကို ပိုနေတယ်

နှလုံးသားလေးက

ယုယမှုတွေ သိလိုက်တော့

ပိုပြီးပိုပြီး ချစ်ချစ်လာတယ်

ဒီမှာစိတ်ကူးရင်လည်း မင်းကို

အိမ်မက်ရင်လည်း မင်းကို

တမ်းတမ်းတတ ချစ်မိပေါ့

M+F. ဝိုး.ဟိုး

အသည်းတွေပေါက်အောင် ချစ်မယ့်နေ့

ဝိုး...ဟိုး

လောကကြီးရေ ကျေးဇူးဟေ့

ဝိုး..ဟို.. မင်းနဲ့တို့

မုန်းလို့မရအောင် ချစ်သူတွေ

M.ဟူး... ချစ်သူလေးရေ

ချစ်ခဲ့မိတာ ထူးဆန်းတော့

ပျားရည်ထက်ပို ချိုနေတယ်

မင်းနှုတ်ဖျားက စကားဆန်းလေးတွေ

ကြားလိုက်တော့

ကြက်သီးလေးများ ထထလာတယ်

ဒီမှာနေဖို့ထိုင်ဖို့ ခက်ပြီ

လာသမျှစိတ်ကူး မင်းဆီ

ရင်မှာစွဲစွဲလမ်းလမ်း ချစ်မိပေါ့

F.အို.. ချစ်သူလေးရေ

စိတ်တူသဘောတူ ချစ်မိတော့

တခြားလူထက်ကို ပိုနေတယ်

နှလုံးသားထဲက

ယုယမှုတွေ သိလိုက်တော့

ပိုပြီးပိုပြီး ချစ်ချစ်လာတယ်

ဒီမှာစိတ်ကူးရင်လည်း မင်းကို

အိမ်မက်ရင်လည်း မင်းကို

တမ်းတမ်းတတ ချစ်မိပေါ့

M+F. ဝိုး.ဟို.

အသည်းတွေပေါက်အောင် ချစ်မယ့်နေ့

ဝိုး.ဟို

လောကကြီးရေThankyouဟေ့

ဝိုး ဟို မင်းနဲ့တို့

မုန်းလို့မရအောင် ချစ်သူတွေ

ဝိုး..ဟို..

အသည်းတွေပေါက်အောင် ချစ်မယ့်နေ့

ဝိုး.ဟိုးး

လောကကြီးရေThankyouဟေ့

ဝိုး ဟို..မင်းနဲ့တို့

မုန်းလို့မရအောင် ချစ်သူတွေ

ထွန်းအိန္ဒြာဗိုလ်/ဒွေး'dan Daha Fazlası

Tümünü Görlogo
website_song_tagtitle