menu-iconlogo
huatong
huatong
avatar

မျက်ရည်တစ်စက်ရွှေတစ်စက်

ပိုးအိစံ/မာမာအေးhuatong
nikemiapattersonhuatong
Şarkı Sözleri
Kayıtlar
မျက်ရည်တစ်စက်ရွှေတစ်စက်

ကိုတင်ဝင်း(မန္တလေး)၊ မာမာအေး, ပိုးအိစံ

ကျွန်မရဲ့ဘဝတွင်

စုံလင်တာပြောရပါလျှင်

စိန်ရွှေငွေ အလွယ်သီး ကားတစ်စီးနဲ့ပင်

ဝန်းနဲ့ခြံနဲ့ တိုက်နဲ့တာနဲ့

စားဖို့ရာ မပူပင်

လူမြင်ရင်... အထင်ကြီး...

အသွင်မငြီးတဲ့ ကံကြီးမလို့

လူတိုင်းကထင်ချင်

ကျွန်မရဲ့ဘဝတွင်

စုံလင်တာပြောရပါလျှင်

စိန်ရွှေငွေ အလွယ်သီး ကားတစ်စီးနဲ့ပင်

ဝန်းနဲ့ခြံနဲ့ တိုက်နဲ့တာနဲ့

စားဖို့ရာ မပူပင်

လူမြင်ရင်... အထင်ကြီး...

အသွင်မငြီးတဲ့ ကံကြီးမလို့

လူတိုင်းကထင်ချင်

တကယ်ကြည့်ပြန်တော့ရှင်

ကျွန်မမှာ မိန်းမသားမို့

အချစ်တစ်ခုတော့လိုတယ်ထင်

ရွှေပုံပေါ်စံရပေမယ့်

မောင့်မေတ္တာ အကြင်နာရိပ်ကို

မှေးစက်လို့ခိုချင်

သူကတော့ဒီလိုမထင်

ကွယ်ရာမှာ လျှောက်သွားကာ

ဖေါက်ပြားလို့ပဲ နေချင် နေချင်

အသောက်အစား ခင်ခင် မင်မင်

အိမ်သူ့ရှင် အကြင်မယားကိုဖြင့်

သူကတော့ရှိတယ်လို့ မထင်

တကယ်ကြည့်ပြန်တော့ရှင်

ကျွန်မမှာ မိန်းမသားမို့

အချစ်တစ်ခုတော့လိုတယ်ထင်

ရွှေပုံပေါ်စံရပေမယ့်

မောင့်မေတ္တာ အကြင်နာရိပ်ကို

မှေးစက်လို့ခိုချင်

သူကတော့ဒီလိုမထင်

ကွယ်ရာမှာ လျှောက်သွားကာ

ဖေါက်ပြားလို့ပဲ နေချင် နေချင်

အသောက်အစား ခင်ခင် မင်မင်

အိမ်သူ့ရှင် အကြင်မယားကိုဖြင့်

သူကတော့ရှိတယ်လို့... မထင်

ရွှေဘုံ ငွေဘုံ ခြုံပြီးတော့ကြည့်လျှင်

ကျွန်မရဲ့ဘဝမှာတွင်

လိုတာမရှိလို့ လူတိုင်းကထင်

ရွှေဘုံ ငွေဘုံ ခြုံပြီးတော့ကြည့်လျှင်

ကျွန်မရဲ့ဘဝမှာတွင်

လိုတာမရှိလို့ လူတိုင်းကထင်

မေတ္တာဆိုတာ အရင်းခံပါရှင်

ချစ်ကြပြီဆိုရင်လည်း

အကြင်နာလေးပေးစမ်းပါလားရှင်

သေစ္စာမတည်ကြတော့

ဒီဘဝကပမာတင်

ရွှေတစ်စက်ကို မျက်ရည်တစ်စက်လို့ထင်

မျက်ရည်တစ်စက်ကို

ရွှေ ရွှေ ရွှေ တစ်စက်လို့ထင်

ရွှေဘုံ ငွေဘုံ ခြုံပြီးတော့ကြည့်လျှင်

ကျွန်မရဲ့ဘဝမှာတွင်

လိုတာမရှိလို့ လူတိုင်းကထင်

ရွှေဘုံ ငွေဘုံ ခြုံပြီးတော့ကြည့်လျှင်

ကျွန်မရဲ့ဘဝမှာတွင်

လိုတာမရှိလို့ လူတိုင်းကထင်

မေတ္တာဆိုတာ အရင်းခံပါရှင်

ချစ်ကြပြီဆိုရင်လည်း

အကြင်နာလေးပေးစမ်းပါလားရှင်

သေစ္စာမတည်ကြတော့

ဒီဘဝကပမာတင်

ရွှေတစ်စက်ကို မျက်ရည်တစ်စက်လို့ထင်

မျက်ရည်တစ်စက်ကို

ရွှေ ရွှေ ရွှေ တစ်စက်လို့ထင်

ပိုးအိစံ/မာမာအေး'dan Daha Fazlası

Tümünü Görlogo