menu-iconlogo
huatong
huatong
avatar

မေ့ပြစ်လိုက်ပြီ

ပုုိပုုိhuatong
raynor98huatong
Şarkı Sözleri
Kayıtlar
သီချင်း - မေ့ပြစ်လိုက်ပြီ

တေးဆို - ပိုပို

မေ့ပြစ်လိုက်ပြီ မင်းကို

မသိသလို ဟန်ဆောင်ရင်း

သူစိမ်းတစ်ယောက်ထက် မပိုတော့ဘူး

အလွမ်းတွေ နာကျင်သော

ငါသွားမယ့်လမ်းမှာ တွေ့ခဲ့ရင်တောင်

မင်းကိုငါမသိချင်ယောင်ဆောင်လိုက်မယ်

အကောင်းဆုံးမင်းနဲ့ တွေ့ခဲ့ပါတယ်

ပျော်ရွှင်စရာအတိတ်တွေ ငါကျေနပ်တယ်

အချစ်ဆိုတာ ဒီလိုပဲပေါ့ကွယ်

နာကျင်တယ်ဆိုလည်း

ငါ့ကိုမချစ်တော့တဲ့ မင်းကို

မေ့ပြစ်နိုင်ဖို့အတွက်

အချိန်တွေ အများကြီးတော့လိုမယ်

သေချာတယ်မင်းကိုငါ မေ့့့ပြစ်နိုင်တယ်

သိမ်းဆည်းလိုက်ပြီ အချစ်တွေကို

တစ်စစီ မြေမြုပ်ရင်း

ဘယ်သူ့ကြောင့်ပဲနင်ခံစားရပါစေ ငါမပူတော့

နင်သွားမယ့်လမ်းမှာ တွေ့ခဲ့ရင်တောင်

ငါ့ကိုနင်မသိချင်ယောင်ဆောင်လိုက်ပါ

ဒီ့ထက်ပိုပြီး မလွမ်းတတ်ချင်ဘူး

ရင်နာစရာအတိတ်တွေ ငါမှတ်ထားတယ်

အရင်အချိန်တွေဆို ငါချစ်တဲ့

မင်းကို ပျော်ရွှင်စေခဲ့လည်း

အပြန်အလှန်မရှိတဲ့ အချစ်တစ်ခုအတွက်

ငါဘာကြောင့်မို့ ဝမ်းနည်းရမှာလဲ

နင်နာကျင်ရင် အနားရှိခဲ့တဲ့အချစ်ကို

နင်မမြင်နိုင်တော့လည်း

ငါဟာ မင်းအတွက်တော့ အပိုပဲ

တကယ်ပါမင်းရဲ့အချစ်နဲ့မထိုက်သင့်တဲ့သူမို့

အချစ်ဆိုတာ ဒီလိုပဲပေါ့

တစ်ခါတစ်လေမှာ နာကျင်မှာပဲ

ဒီရင်ဘတ်က မမေ့နိုင်လည်း

ရင်နာစရာသုံးပြီး မင်းကို

မေ့ပြစ်လိုက်မှာပဲ

ငါသွားမယ့်လမ်းမှာ တွေ့ခဲ့ရင်တောင်

မင်းကိုငါမသိချင်ယောင်ဆောင်လိုက်မယ်

အကောင်းဆုံးမင်းနဲ့ တွေ့ခဲ့တာပဲ

ပျော်ရွှင်စရာအတိတ်တွေ ငါမှတ်ထားတယ်

အချစ်ဆိုတာ ဒီလိုပဲပေါ့ကွယ်

နာကျင်တယ်ဆိုလည်း

ငါ့ကိုမချစ်ခဲ့တဲ့ မင်းကို

မေ့ပြစ်နိုင်ဖို့အတွက် အချိန်တွေ

အများကြီးတော့ လိုမယ်

သေချာတယ် မင်းကိုငါမေ့ပြစ်နိုင်တယ်

ပုုိပုုိ'dan Daha Fazlası

Tümünü Görlogo