menu-iconlogo
huatong
huatong
avatar

ခိုင်မြဲသောအချစ်တို့နဲ့

ဖြိုးပြည့်စုံhuatong
ƬӇเ༄ɦαhuatong
Şarkı Sözleri
Kayıtlar
ခိုင်မြဲသောအချစ်တို့နဲ့

ဖြိုးပြည့်စုံ+ရတနာဝိုင်း

G.နှလုံးသားထဲ ယုံကြည်နေချင်ပါတယ်...

အချစ်စိတ်တို့ ဘယ်တော့မှ

မပြောင်းလဲနဲ့နော်

ရင်ထဲကစိတ် မချဘူး...

ကံကြမ္မာကို မယုံရဲဘူး

ဝေးရမယ်... ဆိုတဲ့အတွေး မတွေးချင်ဘူး...

B.သိပ်ချစ်ရတဲ့မေ ယုံကြည်စေချင်တယ်...

ရွှေရင်ကိုပူစေတဲ့ အတွေးများ ဘေးကိုဖယ်

ခိုင်မြဲသော အချစ်တို့နဲ့

ကြည်ဖြူစွာ မြတ်နိုးခဲ့

မင်းအနားမှာ ထာဝရ ရှိချင်တယ်....

B&Gအန္တရာယ်တွေလဲ မမှုတော့ပါ

ချစ်သူရဲ့ အရိပ်အောက်မှာ...

သာယာအေးမြလို့

လုံခြုံနွေးထွေး ပြည့်စုံသွား...

ရင်ခုန်စေသော အနမ်းများဟာ

တို့ဘဝရဲ့ အားအင်များ...

ဒီကမ္ဘာမြေဆုံးထိ အတူတူချစ်သွားမှာပါ...

music.....

G.တို့ရဲ့လက်ကို ထာဝစဥ် ခိုင်ခိုင်တွဲ...

မနာလိုသူတွေ သွေးထိုး

နှောင့်ယှက်တဲ့အခါမှာ

B.ခိုင်မြဲသောအချစ်တို့နဲ့

အကြင်နာတွေ မယိုင်လဲနဲ့

ချစ်သူလေး... တစ်သက်လုံးချစ်ချင်တယ်

B&G.အန္တရာယ်တွေလဲ မမှုတော့ပါ

ချစ်သူရဲ့ အရိပ်အောက်မှာ...

သာယာအေးမြလို့

လုံခြုံနွေးထွေး ပြည့်စုံသွား...

ရင်ခုန်စေသော အနမ်းများဟာ

တို့ဘဝရဲ့ အားအင်များ

ဒီကမ္ဘာမြေဆုံးထိ အတူတူချစ်သွားမှာပါ...

music .....

G.တို့ရဲ့လက်ကို ကိုရေ ခိုင်ခိုင်တွဲ...

မနာလိုသူတွေ သွေးထိုး

နှောင့်ယှက်တဲ့အခါမှာ......

B.ခိုင်မြဲသောအချစ်တို့နဲ့

အကြင်နာတွေ မယိုင်လဲနဲ့

ချစ်သူလေး.. တစ်သက်လုံး ချစ်ချင်တယ်

G.ခိုင်မြဲသောအချစ်တို့နဲ့

အကြင်နာတွေ မယိုင်လဲနဲ့

ချစ်သူလေး တသက်လုံးချစ်ချင်တယ်

B&G.ခိုင်မြဲသောအချစ်တို့နဲ့

အကြင်နာတွေ မယိုင်လဲနဲ့

ချစ်သူလေး.. တစ်သက်လုံး ချစ်ချင်တယ်

ခိုင်မြဲသော အချစ်တို့နဲ့

အကြင်နာတွေ မယိုင်လဲနဲ့

ချစ်သူလေး တသက်လုံး ချစ်နေ မယ်...

END.....

ဖြိုးပြည့်စုံ'dan Daha Fazlası

Tümünü Görlogo

Beğenebilirsin