ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့
နင်ငါ့ကိုချွဲနေတုန်းပဲ
အဟုတ်ကြီးမှတ်ပြီး ငါကြိတ်ခါဝမ်းသာနေတုန်း
ရှိသေးတယ်
ပြန်ပြောမယ် ပြန်ပြောမယ်နဲ့
နင်ဖုန်းတွေ ပြောနေတုန်းပဲ
နောက်မှထိုးမယ့်ဓားကို ငါကြိုပြီး
သွေးထွက်ထားပါတယ်
အဖြည့်ခံဆိုတဲ့ သတ္တဝါလို
ဒီလူကို နင်သတ်မှတ်ထားသလားကွယ်
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်ထပ်ရမယ့် ဒဏ်ရာတွေနဲ့
မိတ်မဆက်ချင်တော့ဘူး
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်....ထပ် နောက်ထပ် နောက်ထပ်
ဒဏ်ရာတွေပေါ် အရည်မပျော်ချင်တော့ဘူး
ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့
နင်ငါ့ကိုဖောနေတုန်းပဲ
အဟုတ်ကြီးမှတ်ပြီး
ငါကြိတ်ခါခေါင်းမာနေတုန်း ရှိသေးတယ်
သံယောဇဉ် သံယောဇဉ်နဲ့
တကယ်တမ်းနင်သတ်နေတုန်းပဲ
အိုးနောက်မှသိမယ့်အကြောင်းကို
ကြိုတင်ပြီး နိမိတ်ဖတ်ထားပါတယ်
ငါချစ်ခဲ့ပြီးပြီ
ပေးဆပ်ပြီးပြီနင်ဘာလိုချင်သေးလဲ..hey..
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်ထပ်ရမယ့် ဒဏ်ရာတွေနဲ့
မိတ်မဆက်ချင်တော့ဘူး
oh..အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်...ထပ် နောက်ထပ် နောက်ထပ်
ဒဏ်ရာတွေပေါ်အရည်မပျော်ချင်တော့ဘူး
မင်းသိနိုင်ပါစေ ဒဏ်ရာတွေငါဆုတောင်းပြု
ငါဒီမှာ ငါ့ကိုငါတောင်
ပြန်မမြင်ချင်တော့ဘူး ဟူးဟူးဟူး
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်ထပ်ရမယ့် ဒဏ်ရာတွေနဲ့
ငါ မိတ်မဆက်ချင်တော့ဘူး
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
ငါနောက်...ထပ် နောက်ထပ် နောက်ထပ်
ဒဏ်ရာတွေပေါ်ရင်မခုန်ချင်တော့ဘူး
အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့လူ
နောက်ထပ်ရမယ့် ဒဏ်ရာတွေနဲ့
ငါမိတ်မဆက် ချင်တော့ဘူး
oh..အသည်းနှလုံးမရှိတဲ့လူ
နင်ကအသည်းနှလုံးမရှိတဲ့သူ
ငါနောက်...ထပ် နောက်ထပ် နောက်ထပ်
ဒဏ်ရာတွေပေါ်အရည်မပျော်ချင်တော့ဘူး