menu-iconlogo
huatong
huatong
avatar

အနှိမ်ခံဂီတ

မင်းဂျွန်​စိုးhuatong
အလွမ်းပြေမိသားစုhuatong
Şarkı Sözleri
Kayıtlar
အနှိမ်ခံဂီတ

တေးရေး မင်းဂျွန်စိုး

တေးဆို မင်းဂျွန်စိုး

မြန်မာပြည်က ငါတို့မြန်မာသံ

ရိုးရာဂီတ ယျဉ်ကျေးမှုတွေ

ပျောက်ကွယ်နီးပါးဖြစ်နေပါပြီ

တို့နှလုံးသားကမြန်မာသံစဉ်

အနှိမ်ခံဂီတ ဖြစ်နေပါပြီ

ပြိုင်ပွဲတိုင်းလက်မခံသော်လည်း

နယ်တိုင်းကြိုက်တဲ့တို့မြန်မာသံစဉ်

လောကအလည်ဂုဏ်ငယ်နေတဲ့

သီချင်း များဖြစ်ခဲ့ရပြီ

တွေရလိမ့်မယ် မြန်ာပြည်ထဲမှာ

မြန်မာတေးသွားများပျောက်ကွယ်သွားရင်

မြန်မာစကားများလည်းပျောက်မှာစိုးတယ်

မြန်မာသံစဉ်ပရိတ်သက်များအတွက်

ရုပ်သံလိုင်းတွေ တိုးလွှင့်ပေးပါဗျာ

ကိုယ်ပိုင်ဆိုင်တဲ့ဂီတသံစဉ်

ကိုယ့်နိုင်ငံက ဂီတဂန္ထဝင်

သီးချင်းတွေအားလုံး အခုဆိုအနှိမ်ခံ

မူရင်းတေးသွားမြန်မာသံတွေ

အပယ်ခံဂီတ ဖြစ်နေပါပြီ

အဆင့်တန်းများ ခွဲခြားပေမယ့်

လှေနဲ့နွားလှည်း ရှိနေပါရင်

ယနေ့ထက်တိုင် မြန်မာသံစဉ်တေး

ကြိုက် တဲ့ ပရိတ်သတ်များစွာ

အများကြီးရှိတယ် မြန်မာပြည်ထဲမှာ

ခံစားမှုနဲ့ သက်ဆိုင်တဲ့အရာ

ဂီတတစ်ခုရဲ့ ရပ်တည်မှုမှာ

မြန်မာသံစဉ်တေးသမားများရယ်

ကိုယ့်ဂီတကိုယ် ထိန်းသိမ်းကြပါဗျာ

မြန်မာပြည်မှာမွေး

မြန်မာပြည်မှာ လူဖြစ်ခဲ့သူမို့

ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူ

မြန်မာဆန်တဲ့တေးသွားများကို

ကိုယ်ပိုင်အတွေးနဲ့ရေးဆိုခဲ့တယ်

အောင်မြင်မှုလမ်းခရီးတစ်ဝက်မှာ

အနှိမ်ခံတေးများဖြစ်လာခဲ့တယ်

ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်

ကိုယ့်ဘုရားကို ကိုယ်ရှိခိုး

မြန်မာတေးသီးချင်းများမြတ်နိုးခဲ့တာ

ဒါနှိမ့်ကျလေသလား

တို့မြန်မာပြည်က တို့မြန်မာသံစဉ်တွေ

အခုဆို အနှိမ်ခံ

ဂီတဖြစ်သွားတွေးတိုင်းရင်နာစရာ

မြန်မာပြည်က ငါတို့မြန်မာသံ

ရိုးရာဂီတ ယျဉ်ကျေးမှုတွေ

ပျောက်ကွယ်နီးပါးဖြစ်နေပါပြီ

တို့နှလုံးသားကမြန်မာသံစဉ်

အနှိမ်ခံဂီတ ဖြစ်နေပါပြီ

ပြိုင်ပွဲတိုင်းလက်မခံသော်လည်း

နယ်တိုင်းကြိုက်တဲ့မြန်မာသံစဉ်တွေ

လောကအလည်ဂုဏ်ငယ်နေတဲ့

သီချင်း များဖြစ်ခဲ့ရပြီ

တွေရလိမ့်မယ် မြန်ာပြည်ထဲမှာ

မြန်မာတေးသွားများပျောက်ကွယ်သွားရင်

မြန်မာစကားများလည်းပျောက်မှာစိုးတယ်

မြန်မာသံစဉ်ပရိတ်သတ်များစွာ

ရှိနေပေးတာ ကျေးဇူးအထူးတင်တယ်

သာယာငြိမ့်ညောင်း ဂီတသံစဉ်

သူနိုင်ငံ သူ့ယျဉ်ကျေးမှုအမှန်

အမြဲလိုတွဲလျှက်ရှိတဲ့ကမ္ဘာမှာ

ဒါလည်း သိသင်ပါတယ်ကွာ

သံစဉ်ဂီတ အမျိုးအမည်းစုံလင်

မတူကွဲပြားရှိနေသော်လည်း

မြန်မာသီချင်းများတော့မြန်မာနိုင်ငံမှာ

ရှိသင့်တယ် ဒါကိုထာဝရ

ထိမ်း သိမ်းထားပေးကြပါ

လမ်းဖွင့်ပေးပါ မြန်မာဂီတကမ္ဘာ

ဂီတမြစ်တစ်ခု ခေတ်ရေစီးမှာ

ယျဉ်ကျေးမှုတော့မပျောက်စေချင်ဘူးဗျာ

မြန်မာသံစဉ်ပရိတ်သတ်များကြောင့်

တို့မြန်မာတေးတွေ မိုးထက်လွင့်ပျံနေ

မြန်မာပြည်မှာမွေး

မြန်မာပြည်မှာ လူဖြစ်ခဲ့သူမို့

ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူ

မြန်မာဆန်တဲ့တေးသွားများကို

ကိုယ်ပိုင်အတွေးနဲ့ရေးဆိုခဲ့တယ်

အောင်မြင်မှုလမ်းခရီးတစ်ဝက်မှာ

အနှိမ်ခံတေးများဖြစ်လာခဲ့တယ်

ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်

ကိုယ့်ဘုရားကို ကိုယ်ရှိခိုး

မြန်မာတေးသီးချင်းများမြတ်နိုးခဲ့တာ

ဒါနှိမ့်ကျလေသလား

တို့မြန်မာပြည်က တို့မြန်မာသံစဉ်တွေ

အခုဆို အနှိမ်ခံ

ဂီတဖြစ်သွားတွေးတိုင်းရင်နာစရာ

မင်းဂျွန်​စိုး'dan Daha Fazlası

Tümünü Görlogo