menu-iconlogo
huatong
huatong
avatar

ချိန်းတွေ့တဲ့နေ့

မနေhuatong
nikarazohuatong
Şarkı Sözleri
Kayıtlar
သီချင်း - ချိန်းတွေ့တဲ့နေ့

တေးဆို - သွန်း ၊ မနော

အချိန်မှန်မှန် ဒီနေရာလေးက

အမြဲတန်း စောင့်နေပါတယ်

ကြင်နာသူ အဆင်ပြေပါ့မလား

တွေးရင်း စိတ်ပူနေတယ်

သူလာရာလမ်းကလေး မျှော်တွေး

ရင်ထဲမှာ လှိုက်ဖို မောရတယ်

အစ်ကို မောင်တွေ မလစ်သေးလို့

တွေ့ဖို့ခက်နေပါတယ်

အဖေ အမေတွေ ဆူမှာလည်းပဲ

တွေးရင်း ကြောက်နေပါတယ်..

အမူအရာတွေပျက်လို့

အိမ်က သိသွားမှာ စိုးရိမ်ရပါတယ်..

အရမ်းပဲတွေ့ချင်တယ် အချစ်ဦးလေးရယ်

ရည်းစားထားတာ မလွယ်ပါဘူးကွယ်

တွေ့လည်းတွေ့ချင်တယ်

ကြောက်လည်း ကြောက်ပါတယ်

ပြောစရာစကားတွေ ရှာလို့မရဘူးကွယ်

ရင်ခွင်ထဲထွေးပွေ့ထားမယ်

ခဏလေးတွေ့ခွင့် အချိန်တွေရယ်

နှမြောစရာ တစ်ကယ်ကောင်းတယ်

ကြင်နာတဲ့ အယုအယလေးတွေ

ရင်ထဲ စွဲငြိ နေပါတယ်

သို့ပေမယ့်လည်းကွယ်

အချိန်မတန်ခင် ပြန်ရအုံးမယ်

အချိန်မှန်မှန် ဒီနေရာလေးက

အမြဲတန်း စောင့်နေပါတယ်

ကြင်နာသူ အဆင်ပြေပါ့မလား

တွေ်းရင်း စိတ်ပူနေတယ်

သူလာရာလမ်းကလေး မျှော်တွေး

ရင်ထဲမှာ လှိုက်ဖို မောရတယ်

အစ်ကို မောင်တွေ မလစ်သေးလို့

တွေ့ဖို့ခက်နေပါတယ်

အဖေ အမေတွေ ဆူမှာလည်းပဲ

တွေးရင်း ကြောက်နေပါတယ်..

အမူအရာတွေပျက်လို့

အိမ်က သိသွားမှာ စိုးရိမ်ရပါတယ်..

အရမ်းပဲတွေ့ချင်တယ် အချစ်ဦးလေးရယ်

ရည်းစားထားတာ မလွယ်ပါဘူးကွယ်

တွေ့လည်းတွေ့ချင်တယ်

ကြောက်လည်း ကြောက်ပါတယ်

ပြောစရာစကားတွေ ရှာလို့မရဘူးကွယ်

ရင်ခွင်ထဲထွေးပွေ့ထားမယ်

ခဏလေးတွေ့ခွင့် အချိန်တွေရယ်

နှမြောစရာ တစ်ကယ်ကောင်းတယ်

ကြင်နာတဲ့ အယုအယလေးတွေ

ရင်ထဲ စွဲငြိ နေပါတယ်

သို့ပေမယ့်လည်းကွယ်

အချိန်မတန်ခင် ပြန်ရအုံးမယ်..

အချိန်မတန်ခင် ပြန်ရအုံးမယ်..

အချိန်မတန်ခင် ပြန်ရတော့မယ်.....

မနေ'dan Daha Fazlası

Tümünü Görlogo