menu-iconlogo
huatong
huatong
avatar

မေ့ဘ၀ခဏဘယ်သူယူပါ့မယ်

မာမာအေးhuatong
nuevemanhuatong
Şarkı Sözleri
Kayıtlar
မြန်မာသံစဉ်ချစ်သူများအဖွဲ့  မှ

သီချင်းစာသား ရေးသား

ပေးပို့ ပါသည်..

ဒီက ချစ်တာ.. သိရဲ့သားနဲ့ 

သူမို့ ခွဲသွား ရက်တယ်..

သူ့ အတွက် အလွမ်းပြေ

ပန်းတွေ တစ်ပွင့်စီခြွေကာ

မြေမှာစုထား ရရင်ကွယ်..

ခုများဆို စကားဥပမာပြောလို့နှိုင်းမယ်

တောညို့ မှိုင်းတဲ့ မောတို့တိုင်းရဲ့

ရှမ်းတောင်တန်း သဖွယ်

လွမ်းရောင် သမ်းတဲ့ ပန်းတောင်တန်းတွေ

ဖြစ်နေမယ် ထင်တယ်...

ဒီက ချစ်တာ.. သိရဲ့သားနဲ့ 

သူမို့ ခွဲသွား ရက်တယ်..

သူ့ အတွက် အလွမ်းပြေ

ပန်းတွေ တစ်ပွင့်စီခြွေကာ

မြေမှာစုထား ရရင်ကွယ်..

ခုများဆို စကားဥပမာပြောလို့နှိုင်းမယ်

တောညို့ မှိုင်းတဲ့ မောတို့တိုင်းရဲ့

ရှမ်းတောင်တန်း သဖွယ်

လွမ်းရောင် သမ်းတဲ့ ပန်းတောင်တန်းတွေ

ဖြစ်နေမယ် ထင်တယ်...

လာလုငယ်.. လာလုငေးး

ချစ်သူဝေးမ.. လေးမှာ..

လေတစ်ပြေး လှိုင်းတစ်ရိုက်

အခိုက်အတန့်လေးတောင်

ခွဲ မနေနိုင်ပါတယ်..

အသည်းရွှေစိုင် ညှာဝယ်

ပူတယ်လေ ဆယ်နေကဲ..

ကျမျက်ရည်လည်း ချောင်းဖြစ်ရော့မယ် ...

သစ်ရွက်တွေလို.. ကြွေချင်ရာကြွေ..

နေချင်ရာ နေ လိုက်ချင်လည်း

မိန်းမသားဆိုတော့ အခက်ပါလားး..ကွယ်

လာလုငယ်.. လာလုငေးး

ချစ်သူဝေးမ.. လေးမှာ..

လေတစ်ပြေး လှိုင်းတစ်ရိုက်

အခိုက်အတန့်လေးတောင်

ခွဲ မနေနိုင်ပါတယ်..

အသည်းရွှေစိုင် ညှာဝယ်

ပူတယ်လေ ဆယ်နေကဲ..

ကျမျက်ရည်လည်း ချောင်းဖြစ်ရော့မယ် ...

သစ်ရွက်တွေလို.. ကြွေချင်ရာကြွေ..

နေချင်ရာ နေလိုက်ချင်လည်း

မိန်းမသားဆိုတော့ အခက်ပါလားး..ကွယ်

အိုကွယ်.. မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေ သောက်ပြဦးမယ်..

မိုးအဖုံး မြေအထဲ..

သူ့ ကိုပဲ အချစ်ဆုံးပါကွယ်...

မုန်းလည်း မမုန်းတီး ရက်တာ

နာလည်း မနာကျည်း ရက်တာ

သိပါစေ ကြားပါစေတော့

အချစ်ဆုံး မုန်းသူ...ရယ်

အိုကွယ်.. မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေ သောက်ပြဦးမယ်..

မိုးအဖုံး မြေအထဲ..

သူ့ ကိုပဲ အချစ်ဆုံးပါကွယ်...

မုန်းလည်း မမုန်းတီး ရက်တာ

နာလည်း မနာကျည်း ရက်တာ

သိပါစေ ကြားပါစေတော့

အချစ်ဆုံး မုန်းသူ...ရယ်

မုန်းသူ ရင်ထဲက..

အချစ်ကိုမှ ကိုယ်ကလိုချင်တယ်

လစန္ဒာ.. ငွေစင်ပုလဲ..

မြကန်သာ ရေပြင်ထဲ ရှိနိုးနဲ့ရယ်..

ပိုက်ဆွဲ ယူသော

မိုက်မဲသူ တံငါသည်လိုပဲကွယ်..

တစ်ကိုယ်တည်း အမိုက်ဒဏ်

ရှိုက်သံဖုံးး ယူကျုံးမရနိုင်တယ်....

ကြင်ဖော်...တွဲ သူတို့အလယ်

ကြင်ဖော်...ကွဲ..သူလေး မျက်နှာငယ်..

ပူဗျာနွယ် ဘ၀အဆွေးး

လူတကာအလယ် ခဏပေးလည်း

ယူမယ့် သူမရှိ .. ကူမယ့်သူ မရှိ

ပမ်း ပါဘိ နွမ်း ပါဘိ

နွမ်း ပါဘိ... တစ်ယောက်ထဲ...ရယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

မာမာအေး'dan Daha Fazlası

Tümünü Görlogo
မာမာအေး, မေ့ဘ၀ခဏဘယ်သူယူပါ့မယ် - Sözleri ve Coverları