အလွမ်းမိတ်ဆွေ
မိုးသားတွေဝဲ
ကြည်လင်သွားသလို
အချစ်များခူးခြွေလိုက်စမ်း
မင်းလက်နဲ့ အကုန်လုံးပေးချင်လို့ 
မင်းသိလျက်သားနဲ့ ငါ့ကိုချန်ရစ်ထားခဲ့
ရင်မှာရိုင်းစိုင်းလွန်းတဲ့
ညတွေပျက်စီးသွား
အမျှော်လင့်ဆုံးလှပအိပ်မက်များ
မင်းကဆေးခြယ်ထား
အချိန်တွေရင့်ကျက်လို့ ငါရင်တွေကွဲ
ငါတစ်ယောက်တည်း
အလွမ်းများမိတ်ဆွေဖွဲ့ ဦးမယ်
အချစ်တွေပျောက်ဆုံးတယ်
ဆိုးဝါးလွန်းတဲ့ညတွေ ရေတွက်ရင်း
မိုးလင်းခဲ့တာအကြိမ်ပေါင်းမနည်း
ဘယ်ဆီမင်းရောက်နေလဲပဲ
ရင်ခုန်ချိုအနမ်းများလည်း ပျောက်ကွယ်ပြီ
လှိုင်းကြမ်းတွေလည်း
ငါဖြတ်ကူးမယ်
မျှော်လင့်ချက်တွေအကုန်လုံး
ပျောက်ရှခဲ့ ငါ့အသည်းကွဲညများ
လုံးဝမကုန်ဆုံးတော့ ချစ်သူကိုရှာရင်းနဲ့
သံစဉ်အပေါစားတစ်ပုဒ်နဲ့ 
အလွမ်းတွေ ဖန်တီးတတ်ပြီ
အမျှော်လင့်ဆုံးလှပအိပ်မက်များ
မင်းကဆေးခြယ်ထား
အချိန်တွေရင့်ကျက်လို့ ငါရင်တွေကွဲ
ငါတစ်ယောက်တည်း
အလွမ်းများမိတ်ဆွေဖွဲ့ ဦးမယ်
အချစ်တွေပျောက်ဆုံးတယ်
ဆိုးဝါးလွန်းတဲ့ညတွေ ရေတွက်ရင်း
မိုးလင်းခဲ့တာအကြိမ်ပေါင်းမနည်း
ဘယ်ဆီမင်းရောက်နေလဲပဲ
ရင်ခုန်ချိုအနမ်းများလည်း ပျောက်ကွယ်ပြီ
မိုးသားတွေဝဲ
ကြည်လင်သွားသလို
အချစ်များခူးခြွေလိုက်စမ်း
မင်းလက်နဲ့ အကုန်လုံးပေးချင်လို့ 
မင်းသိလျက်သားနဲ့ ငါ့ကိုချန်ရစ်ထားခဲ့
ရင်မှာရိုင်းစိုင်းလွန်းတဲ့
ညတွေပျက်စီးသွား
အမျှော်လင့်ဆုံးလှပအိပ်မက်များ
မင်းကဆေးခြယ်ထား
အချိန်တွေရင့်ကျက်လို့ ငါရင်တွေကွဲ
ငါတစ်ယောက်တည်း
အလွမ်းများမိတ်ဆွေဖွဲ့ ဦးမယ်
အချစ်တွေပျောက်ဆုံးတယ်
ဆိုးဝါးလွန်းတဲ့ညတွေ ရေတွက်ရင်း
မိုးလင်းခဲ့တာအကြိမ်ပေါင်းမနည်း
ဘယ်ဆီမင်းရောက်နေလဲပဲ
ရင်ခုန်ချိုအနမ်းများလည်း ပျောက်ကွယ်
အလွမ်းများမိတ်ဆွေဖွဲ့ ဦးမယ်
အချစ်တွေပျောက်ဆုံးတယ်
ဆိုးဝါးလွန်းတဲ့ညတွေ ရေတွက်ရင်း
မိုးလင်းခဲ့တာအကြိမ်ပေါင်းမနည်း
ဘယ်ဆီမင်းရောက်နေလဲပဲ
ရင်ခုန်ချိုအနမ်းများလည်း ပျောက်ကွယ်ပြီ