menu-iconlogo
huatong
huatong
avatar

မြပန်း​ခွေ

မေလသံစဥ်huatong
ᴘᴜᴛᴜʟᴀʏ~ғʀɪ’ᴢ🇲🇲huatong
Şarkı Sözleri
Kayıtlar
နွေဦးယံ အဖူးအခက်ဆီ

မြပန်းခွေ မခူးရက်ပီ

ရောင်ယှက်ဖြာ သန်းတော့သည်

ပန်းလိပ်ပြာရစ်ဝဲကာ နွှဲကြပီ

နွေဦးယံ အဖူးအခက်ဆီ

မြပန်းခွေ မခူးရက်ပီ

ရောင်ယှက်ဖြာ သန်းတော့သည်

ပန်းလိပ်ပြာရစ်ဝဲကာ နွှဲကြပီ

အို ပန်ချင်သူတွေ ဆွတ်ခူးရန်

မှန်းကြပီ

ပျို နီလာအရောင်အသွေး

သင်းမွှေးတဲ့ပန်းဝတ်ရည်

ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံ ဝတ်ရည်

ချုမယ့်သူပေါသည်

ရနံ့သင်းတဲ့ ပန်းကလေးကို

မနမ်းသေးခင် အလှမ်းမဝေးအောင်

ထိန်းသိမ်းတော့မည်

ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံ ဝတ်ရည်

ချုမယ့်သူပေါသည်

ရနံ့သင်းတဲ့ ပန်းကလေးကို

မနမ်းသေးခင် အလှမ်းမဝေးအောင်

ထိန်းသိမ်းတော့မည်

ခိုင်ရွှေညှာတံ စိမ်းလဲ့လဲ့နဲ့

မာလာဝတ်မှုံနီ

ခင်ခင်ပျိုမဒီ ထိန်းသိမ်းခဲ့လို့

စီရရီပွင့်ချပ်တွေညီ

မြင်ရသူတိုင်း မြင်ရသူတိုင်း

လိုချင်မက်မောသည်

ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံ ဝတ်ရည်

ချုမယ့်သူပေါသည်

ရနံ့သင်းတဲ့ ပန်းကလေးကို

မနမ်းသေးခင် အလှမ်းမဝေးအောင်

ထိန်းသိမ်းတော့မည်

ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံ ဝတ်ရည်

ချုမယ့်သူပေါသည်

ရနံ့သင်းတဲ့ ပန်းကလေးကို

မနမ်းသေးခင် အလှမ်းမဝေးအောင်

ထိန်းသိမ်းတော့မည်

ဂန္ဓမာတောင် လိုဏ်ချောင်မုဒ်နန်းဆီ

ကုမ္ဘာဏ် တစ်ထောင်စောင့်ကြပ်

ကာဆီးသည် နတ်ပန်းကလေးနဲ့

နတ်ပန်းကလေးနဲ့ သဏ္ဍာန်တူညီ

လေယူရာ သင်းမွှေးလို့လှိုင်စီ

ဘုန်းသမ္ဘာရှင် မျှော်ကိုးလို့

စောင့်ခဲ့ပီ

လေယူရာ သင်းမွှေးလို့လှိုင်စီ

ဘုန်းသမ္ဘာရှင် မျှော်ကိုးလို့

စောင့်ခဲ့ပြီ

အို နေရောင်ခြည်သန်းလို့

မြပန်းဆီမခန်းမှီ

ခဲယဉ်းစွာ ဆွတ်ခူးမယ့်သူကို

ညွတ်နူးဖို့ယိမ်းဟန်ချီ

ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံ ဝတ်ရည်

ချုမယ့်သူပေါသည်

ရနံ့သင်းတဲ့ ပန်းကလေးကို

မနမ်းသေးခင် အလှမ်းမဝေးအောင်

ထိန်းသိမ်းတော့မည်

မေလသံစဥ်'dan Daha Fazlası

Tümünü Görlogo
မေလသံစဥ်, မြပန်း​ခွေ - Sözleri ve Coverları